King Of Future

အိန္ဒိယတွင် coronavirus ရောဂါဖြစ်ပွားမှုနှုန်း ၅၀၀,၀၀၀ကျော်အထိမြင့်တက်လာပြီး မြို့ကြီးများတွင် ပိုမိုကူးစက်လာလျက်ရှိနေ

Indiaနိုင်ငံတွင် ပြီးခဲ့သည့် ၂၄နာရီအတွင်း coronavirus ကူးစက်မှုပေါင်း ၁၇၀၀၀ကျော်ဖြစ်ပွားခဲ့ပြီး နိုင်ငံတွင်းစုစုပေါင်း ၅၀၀၀၀ကျော်ပမာဏအထိရောက်ရှိလာခဲ့ပြီဟု ဗဟိုကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်သည့် အချက်အလက်များအရ သိရှိရသည်။

အိန္ဒိယနိုင်ငံသည်ကမ္ဘာပေါ်တွင်စတုတ္ထမြောက်အကြီးမားဆုံးရောဂါကူးစက်မှုဖြစ်ပွားခဲ့ပြီး COVID-19 ဖြစ်ပွားမှုမြင့်တက်နေသောအမေရိကန်ပြည်ထောင်စု၊ ဘရာဇီးနှင့်ရုရှားနိုင်ငံများနှင့်ယှဉ်လျှင် အိန္ဒိယနိုင်ငံသည်ကမ္ဘာပေါ်တွင်စတုတ္ထမြောက်အကြီးမားဆုံးရောဂါကူးစက်မှုဖြစ်နေသည်။

အိန္ဒိယတွင် ရောဂါကူးစက်မှုဆက်တိုက်မြင့်တက်လာလိမ့်မည်ဟု ခန့်မှန်းထားကြသည်။ ဖက်ဒရယ်အစိုးရကို အကြံပေးတဲ့ကျွမ်းကျင်သူတွေကတော့ ယခုအခါအာဏာပိုင်များသည် ဗိုင်းရပ်စ်ပိုးပျံ့နှံ့ခြင်းကြောင့် သေဆုံးမှုလျှော့ချခြင်းကိုသာ ဦးစားပေးသင့်သည်ဟုပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ၏အဓိက coronavirus အလုပ်အဖွဲ့နှင့်ကူးစက်ရောဂါဆိုင်ရာအမျိုးသား Insitute ၏ဒါရိုက်တာ ဒေါက်တာ Manoj Murhekar က “ လူအများအပြားသေဆုံးခြင်းကိုကာကွယ်ရန်နှင့် စိုးရိမ်ထိတ်လန့်အောင်မပြုလုပ်သင့်ပါ ”ဟုပြောကြားခဲ့သည်။

မစ်ရှီဂန်တက္ကသိုလ်မှ ဇီဝဗေဒဆိုင်ရာပါမောက္ခ Bhramar Mukherjee ဦးဆောင်သော COV-IND-19 လေ့လာရေးအဖွဲ့ကဇူလိုင် ၁၅ ရက်တွင် အိန္ဒိယနိုင်ငံသည်ရောဂါဖြစ်ပွားမှု ၇၇၀,၀၀၀ နှင့် ၉၂၅,၀၀၀ ကြားတွင်တွေ့မြင်နိုင်သည်ဟု ခန့်မှန်းထားသည်။

ကူးစက်ရောဂါများ လျင်မြန်စွာမြင့်တက်လာသည်နှင့်အမျှ ဆေးရုံများတိုးများလာသည်နှင့်အမျှ နယူးဒေလီလိုမြို့ကြီးအချို့သည် COVID-19 လူနာများကို ကာကွယ်ရန်နှင့် ကုသရန် အိပ်ရာထောင်ပေါင်းများစွာနှင့် ယာယီအဆောက်အဦများဆောက်လုပ်ရန်အသည်းအသန်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

လူဦးရေသန်း ၂၀ ခန့်ရှိသည့်မြို့တွင် COVID-19 လူနာများအတွက် ကုတင် ၁၃,၂၀၀ ခန့်သာရှိပြီးလာမည့်ရက်သတ္တပတ်များ၌အနည်းဆုံး ၂၀၀,၀၀ ထပ်မံထည့်သွင်းနိုင်လိမ့်မည်ဟု မျှော်မှန်းထားသည်။

ဆေးရုံများပြိုလဲပိတ်သိမ်းခြင်းနှင့် ယာယီအဆောက်အဦများ ပိုမိုဖွင့်လှစ်လာခြင်းတို့ကြောင့် ဝန်ထမ်းရှားပါးမှုများဖြစ်ပေါ်လာပြီး စိုးရိမ်ဖွယ်ရာအခြေအနေတစ်ရပ် ဖြစ်လာသည်။

အိန္ဒိယနိုင်ငံပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှကူးစက်ရောဂါပညာရှင်ဒေါက်တာ Giridhar R. Babu က“ ကုသမှုကိုတကယ်လိုအပ်တဲ့သူတွေကို၀န်ဆောင်မှုတွေ ပေးနိုင်အောင် သေချာအားထုတ်ကြိုးပမ်းရမယ် ” ဟုထပ်ဆောင်းပြောကြားခဲ့သည်။

Reuters သတင်းဌာနမှ ကောက်နုတ်ဖော်ပြထားပါသည်။

110 thoughts on “အိန္ဒိယတွင် coronavirus ရောဂါဖြစ်ပွားမှုနှုန်း ၅၀၀,၀၀၀ကျော်အထိမြင့်တက်လာပြီး မြို့ကြီးများတွင် ပိုမိုကူးစက်လာလျက်ရှိနေ”

  1. Pingback: sex games with sister in law

Leave a Comment

Your email address will not be published.