King Of Future

ဥရောပနဲ့အမေရိကန်မှာ Covid-19 ဖြစ်ပွားမှု မြင့်တက်လာခြင်း နဲ့ ရွှေရဲ့အလားအလာ

ဥရောပ နဲ့ U.S မှာ Covid-19 ဖြစ်ပွားမှုများပြားလာခြင်းနဲ့အတူ ရွှေဟာ သောကြာနေ့မှာ ကျဆင်းသွားခဲ့ပါတယ်။

ရွှေရဲ့ အနာဂတ်ဟာ မနက်(12:36) (GMT: 3:36) မှာ 0.33% အမေရိကန်ဒေါ်လာ (1,908.30) ထိ ရောက်ရှိကျဆင်းသွားပါတယ်။

သိုပေမဲ့လည်း သောကြာနေ့မှာ ဒေါ်လာဈေး အားနည်းနေခြင်းကြောင့် ဆုံးရှုးမှုတွေ ကျဆင်းသွားပါတယ်။

U.K နဲ့ ပြင်သစ်ကဲ့သိုသော ဥရောပနိုင်ငံများဟာ ဗိုင်းရပ်စ်ပျံ့နှံမှုကို တားဆီးနိုင်ရန်အတွက် အသစ်အသစ်သော ကန့်သတ်ချက်များကို အကောင်အထည်ဖော်နေကြပါတယ်။အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်းဒေသမှာ အပူချိန်ကျဆင်းသောကြောင့် Covid-19 ဖြစ်ပွားမှုများ များပြားလာသည်ကို တွေ့ရှိရပါတယ်။

အောက်တိုဘာ(16)ရက်အထိ အမေရိကန်နိုင်ငံမှာ Covid-19 ဖြစ်ပွားမှုပေါင်း (7.9)သန်းကျော် နဲ့ ကမ္ဘာလုံးဆိုင်ရာ ရောဂါဖြစ်ပွားမှုပေါင်း (38.8)သန်းကျော်အထိ ရှိကြောင်း John Hopkins တက္ကသိုလ်မှ အချက်အလက်များအရ သိရှိရပါတယ်။

ဤအတောအတွင်းမှာပဲ ကြာသပတေးနေ့တွင် သမ္မတ Donal Trumpက သီတင်းပတ်အစောပိုင်းမှာ သူအဆိုပြုထားသော ဒေါ်လာ (1.8) ထရီလီယံ Package ရဲ့ ဈေးနှုန်းကို မြှင့်တင်ပေးရန် ကမ်းလှမ်းခဲ့ပါတယ်။ဒါပေမဲ့လည်း Trumpရဲ့ ကမ်းလှမ်းမှုကို အထက်လွှတ်တော်များခေါင်းဆောင် Mitch McConnell က ပယ်ချခဲ့ပါတယ်။

November(3)ရက် သမ္မတရွေးကောက်ပွဲမတိုင်မီ အောက်တိုဘာလမှာ ရွှေအရောင်းအဝယ်ကျဆင်းလာတာနဲ့အမျှ ရင်းနှီးမြှုပ်နှံသူများဟာ ရွှေအပေါ် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ဖို သံသယတွေနဲ့ တွေဝေနေကြပြီပဲ ဖြစ်ပါတယ်။

Reuters သတင်းဌာနမှ ကောက်နုတ်တင်ပြထားပါသည်။

146 thoughts on “ဥရောပနဲ့အမေရိကန်မှာ Covid-19 ဖြစ်ပွားမှု မြင့်တက်လာခြင်း နဲ့ ရွှေရဲ့အလားအလာ”

  1. Pingback: furry sex games online

Leave a Comment

Your email address will not be published.