King Of Future

ဩစတေးလျကုမ္ပဏီက ၎င်း၏ nasal sprayဟာ တိရစ္ဆာန်များနဲ့စမ်းသပ်မှုမှာ coronavirus ကြီးထွားမှုကို လျော့ကျစေသည်ဟု သိရှိရ

သြစတြေးလျဇီဝနည်းပညာကုမ္ပဏီ Ena Respiratory ကပြောကြားရာမှာ ၎င်းသည်အအေးမိခြင်းနှင့်တုပ်ကွေးရောဂါတိုက်ဖျက်ရန် နှင့် လူ့ကိုယ်ခံအားစနစ်ကိုတိုးတက်စေရန် nasal spray(နှာခေါင်းမှုန်spray) ကို ထုတ်လုပ်ခဲ့ပြီး မကြာသေးမီကတိရိစ္ဆာန်များနှင့် ပတ်သက်၍ လေ့လာမှုတွင် coronavirus ရဲ့ အားကောင်းမှုကို သိသိသာသာ အားလျော့သွားစေခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ကူးစက်ရောဂါနဲ့ပတ်သက်သော လေ့လာမှုတစ်ခုအရ INNA-051 ဟုခေါ်သည့်ထုတ်ကုန်ဟာ ကာကွယ်ဆေးများနှင့်ထပ်တူထပ်မျှအသုံးပြုနိုင်သောကြောင့် COVID-19 ဖြစ်စေသောဗိုင်းရပ်စ်ပိုးကို ၉၆ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်ကြောင်း ကုမ္ပဏီကပြောကြားခဲ့သည်။အဆိုပါလေ့လာစမ်းသပ်မှုကို ဗြိတိသျှအစိုးရအေဂျင်စီ Public Health မှ ဦး ဆောင်ခဲ့ကြောင်း သိရပါတယ်။
INNA-051 အားစမ်းသပ်မှုများအရ လေးလမပြည့်မီ စမ်းသပ်မှုများဟာ အောင်မြင်ခဲ့ပြီး စည်းမျဉ်းစည်းကမ်းများအတည်ပြုပြီးသည်နှင့် အဆင်သင့်ဖြစ်မည်ဟု သိရှိရသည်။Nasal spray စမ်းသပ်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်မှုအတွက် ကုမ္ပဏီဟာ ဒေါ်လာ ၁၁.၇ သန်း (ဒေါ်လာ ၈.၂၄ သန်း) ကို အသုံးပြုခဲ့ပါတယ်။ရင်းနှီးမြှုပ်နှံသူများတွင်ပါဝင်သည့် အကျိုးတူကုမ္ပဏီများမှာ Randon Capital Ltd၊ သြစတြေးလျဖက်ဒရယ်အစိုးရ၊ ပင်စင်ရန်ပုံငွေများနှင့်ဇီဝနည်းပညာကုမ္ပဏီကြီး CSL (OTC: CSLLY) Ltd တို့ဖြစ်ကြောင်း သိရှိရသည်၊၊
ကမ္ဘာအနှံ့ရှိကုမ္ပဏီအများအပြားသည် coronavirus ကာကွယ်ဆေးကိုတီထွင်ရန်ကြိုးပမ်းနေကြပါတယ်။ကမ္ဘာတဝှမ်းရှိလူပေါင်း ၉၉၂,၀၀၀ ကျော်ကိုသတ်ဖြတ်ခဲ့သည့် COVID-19 အတွက်ကာကွယ်ဆေးများအတွက် သြစတြေးလျနိုင်ငံသည် ဘီလီယံနှင့်ချီသောရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် သဘောတူညီမှုများ ရရှိခဲ့ပါတယ်။
ဩစတြေးလျနိုင်ငံတွင်ယခုအချိန်အထိသေဆုံးမှုပေါင်း ၈၇၅ ခုနှင့် coronavirus ကူးစက်မှု ၂၇၀၀၀ ကျော်သာရှိသေးရာ အခြားဖွံ့ဖြိုးပြီးနိုင်ငံများမှထုတ်ပြန်သောအရေအတွက်ထက်များစွာနည်းပါးလျက် ရှိကြောင်း တွေ့ရှိရပါတယ်။
#Reuters သတင်းဌာနမှ ကောက်နုတ်တင်ပြထားပါသည်။

9 thoughts on “ဩစတေးလျကုမ္ပဏီက ၎င်း၏ nasal sprayဟာ တိရစ္ဆာန်များနဲ့စမ်းသပ်မှုမှာ coronavirus ကြီးထွားမှုကို လျော့ကျစေသည်ဟု သိရှိရ”

Leave a Comment

Your email address will not be published.