King Of Future

Central Bank ဥက္ကဋ္ဌ ၏ ပြောကြားချက်များကြောင့် ဒေါ်လာဈေးများ ကျဆင်း

🔸Central Bank ဥက္ကဋ္ဌ Jerome Powell ဟာ ဒေါ်လာ 9 ထရီလီယံ လက်ကျန်ရှင်းတမ်း ဖြတ်သိမ်းရန် ဆုံးဖြတ်မည့် ကိစ္စဟာ လပေါင်းများစွာ ကြာနိုင်ကြောင်း သတိပေးပြီးနောက်ပိုင်း ဗုဒ္ဓဟူးနေ့ (ယနေ့)မှာ ဒေါ်လာဈေး ကျဆင်းသွားခဲ့ပါတယ်။

🔸U.S Dollar Index ဟာ 0.07% (95.560) သို ကျဆင်းသွားပြီး November 30ရက် နောက်ပိုင်း အနိမ့်ဆုံး ကျဆင်းမှု ဖြစ်ခဲ့ပါတယ်။ USD/JPY အတွဲဟာ 115.045 မှ 115.35 သို တက်သွားခဲ့ပြီး AUD/USD အတွဲဟာ 0.09% (0.7216) သို မြင့်တက်သွားခဲ့ပါတယ်။ အခြားအတွဲတွေမှာတော့ NZD/USD အတွဲဟာ 0.07% (0.6791) သို မြင့်တက်ခဲ့ပြီး GBP/USD အတွဲကတော့ 0.08% (1.3645) သို တက်သွားခဲ့ပြီး စတာလင် ပေါင်ဟာ 2021ခုနှစ် November 4ရက်နေ့ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် $1.3641 သို မြင့်တက်ခဲ့ခြင်း ဖြစ်ပါတယ်။

🔸Jerome Powell ဟာ ငွေကြေးဖောင်းပွမှုကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် အမေရိကန်စီးပွားရေးဟာ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ သိုသော်လည်း Fedရဲ့ လက်ကျန်ရှင်းတမ်းကို လျှော့ချရန် ချဉ်းကပ်မှုများကို လက်ရှိတွင် အခြေအတင် ဆွေးနွေးနေကြပြီး ဆုံးဖြတ်ချက်ချရန်အတွက်မူ အစည်းအဝေးကို နှစ်ကြိမ်မှ လေးကြိမ်အထိ အချိန်ယူရနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့ပါတယ်။

Free Telegram Channel
https://t.me/kofforex

Free Channel for Education
https://t.me/MyanmarForexEducationChannel

စီးပွားရေးဆိုင်ရာအကြံပြုချက်များ ရယူလိုပါက…

📲 Page Chat Box (သိုမဟုတ်)

အောက်ပါရုံးဖုန်းနံပါတ်သို ဆက်သွယ်ပြီး တိုင်ပင်ဆွေးနွေးနိုင်ပါတယ်…

☎️ Phone No. : 09777456758

Address : Classic Strand Condo, 696/701 Merchant street, Pebedan, Yangon, Corner of 27th and Merchant road, 7th floor, Room (7E)

BEST_ADVICE_FOR_TRADER

Leave a Comment

Your email address will not be published.