NewsUncategorized

Today Important Datas (25.9.2019)

ယနေ့ မြန်မာစံတော်ချိန် ည ၈ နာရီခွဲအချိန်တွင် အမေရိကန်နိုင်ငံမှ သြဂုတ်လအတွက် New Home Sales သတင်းအချက်အလက်များထွက်ရှိမည်ဖြစ်ပါသည်။ New Home Sales သတင်းအချက်အလက်များသည် ပြီးခဲ့သည့်လအတွင်းက ရောင်းချရသည့် လူနေလုံးချင်းအိမ်များ ရောင်းချရမှုပမာဏ ပြောင်းလဲခြင်းကိုတိုင်းတာသည်။ ယခုထုတ်ပြန်ချက်သည် Existing Home Sales သတင်းအချက်အလက်မတိုင်ခင်ထုတ်ပြန်ခြင်းဖြစ်ပြီး ထိုထုတ်ပြန်ချက်နှစ်ခုမှာ ဆက်နွယ်နေသည့်အတွက် မြှုပ်နှံသူများက စောင့်ကြည့်လေ့ရှိကြသည်။ ခန့်မှန်းထားသည့်ပမာဏမှာ 660 k ဖြစ်ပြီး ခန့်မှန်းထားသည်ထက် များပြားပါက USD တန်ဖိုးမြင့်တက်နိုင်သလို ခန့်မှန်းထားသည်ထက် နည်းပါးပါက USD တန်ဖိုးကျဆင်းနိုင်ပါသည်။
ယနေ့ မြန်မာစံတော်ချိန် ည ၉ နာရီအချိန်တွင်တော့ အမေရိကန်နိုင်ငံမှ Crude Oil Inventories သတင်းအချက်အလက်များ ထွက်ရှိမည်ဖြစ်ပါသည်။ Energy Information Administration (EIA) မှထုတ်ပြန်သည့် Crude Oil Inventories သတင်းအချက်အလက်သည် အမေရိကလုပ်ငန်းများတွင်ကျန်ရှိနေသေးသည့် ရေနံစည်အရေအတွက်ကို တိုင်းတာခြင်းဖြစ်ပြီး ထိုပမာဏအရေအတွက် အနည်းအများပေါ်လိုက်ပြီး ရေနံထုတ်ကုန်တန်ဖိုးသည်ပြောင်းလဲမှုရှိနိုင်ပေသည်။ ခန့်မှန်းထားသည့် ပမာဏမှာ -0.249 M ဖြစ်ပြီး ခန့်မှန်းထားသည်ထက် နည်းပါးပါက ဈေးကွက်လမ်းကြောင်းကျယ်ပြန့်ကာ ရေနံဈေးများ မြင့်တက်နိုင်ပြီး ခန့်မှန်းထားသည်ထက် များပြားပါက ဈေးကွက်လမ်းကြောင်း ကျဉ်းမြောင်းကာ ရေနံဈေးနှုန်းများ ကျဆင်းစေနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *