NewsUncategorized

Today Important Data (26.9.2019)

ယနေ့ မြန်မာစံတော်ချိန် ည ၇ နာရီအချိန်တွင် အမေရိကန်နိုင်ငံမှ GDP (QoQ) (Q2) ထွက်ရှိမည်ဖြစ်ပါသည်။ Gross Domestic Product (GDP) သည် စီးပွားရေးနယ်ပယ်ရှိ ကုန်ပစ္စည်းများနှင့်ဝန်ဆောင်မှုတန်ဖိုးများ ငွေကြေးဖောင်းပွမှုပေါ်ကိုလိုက်ပြီး ပြောင်းလဲခြင်းကိုတိုင်းတာသည်။ ယခု သတင်းအချက်အလက်များကို နိုင်ငံ၏ စီးပွားရေးအခြေအနေခိုင်မာမှုကို တိုင်းတာရာတွင် အဓိကအသုံးချသည်။ ခန့်မှန်းထားသောပမာဏမှာ 2.0 % ဖြစ်ပြီး ခန့်မှန်းထားသည်ထက်များပြားပါက USD တန်ဖိုးမြင့်တက်စေနိုင်ကာ ခန့်မှန်းထားသည်ထက် နည်းပါးပါက USD တန်ဖိုးကျဆင်းစေနိုင်ပါသည်။
ယနေ့ မြန်မာစံတော်ချိန် ည ၈ နာရီအချိန်တွင် ဥရောပဗဟိုဘဏ်မှ ဥက္ကဌဖြစ်သူ Mario Draghi မှ ပြောကြားမည်ဖြစ်ပြီး သူ၏ ပြောကြားမှုများသည် EUR တန်ဖိုးကို ပြောင်းလဲမှုများ ဖြစ်ပေါ်စေနိုင်သည့်အတွက် စောင့်ကြည့်သင့်ပေသည်။
ယနေ့ မြန်မာစံတော်ချိန် ည ၈ နာရီ ၁၅ မိနစ်အချိန်တွင်တော့ အင်္ဂလန်ဗဟိုဘဏ်မှ Carney ပြောကြားမည်ဖြစ်ပြီး သူ၏ ပြောကြားမှုများသည် GBP တန်ဖိုးကို ပြောင်းလဲမှုများဖြစ်ပေါ်စေနိုင်သည့်အတွက် စောင့်ကြည့်သင့်ပေသည်။

Leave a Reply

Your email address will not be published. Required fields are marked *