NewsUncategorized

Today Important Data (2.10.2019)

ယနေ့မြန်မာစံတော်ချိန် ညနေ ၃ နာရီအချိန်တွင် UK နိုင်ငံမှ စက်တင်ဘာလအတွက် Construction PMI ထွက်ရှိမည်ဖြစ်ပါသည်။ Chartered Institute of Purchasing and Supply (CIPS) မှထုတ်ပြန်သော Construction Purchasing Manager’s Index (PMI) သည် ဆောက်လုပ်ရေးနယ်ပယ်ရှိ Purchasing Manager များ၏ လှုပ်ရှားမှုပမာဏကို တိုင်းတာသည်။ ၅ဝ မှတ်နှင့်အထက် သတ်မှတ်ခြင်းသည် ဆောက်လုပ်ရေးနယ်ပယ်တွင် တိုးတက်မှုရှိသည်ကိုပြဆိုပြီး ၅ဝ မှတ်နှင့်အောက်သို့သတ်မှတ်ခြင်းသည် ဆောက်လုပ်ရေးနယ်ပယ်တွင် လိုအပ်ချက်များရှိနေသေးသည်ကို ပြဆိုသည်။ ထိုအချက်အလက်များသည် UK နိုင်ငံရှိ ဆောက်လုပ်ရေးနယ်ပယ်တည်တံ့ခိုင်မြဲမှုပမာဏကို တိုင်းတာတွက်ချက်နိုင်ပြီး မြှုပ်နှံသူများသည် UK နိုင်ငံရှိ ယေဘုယျ စီးပွားရေးအရှိန်အဟုန်ကို တိုင်းတာတွက်ချက်နိုင်ရန် စောင့်ကြည့်လေ့ရှိကြသည်။ ခန့်မှန်းထားသည့်ပမာဏမှာ 45.0 ဖြစ်ပြီး ခန့်မှန်းထားသည်ထက် များပြားပါက GBP တန်ဖိုးမြင့်တက်စေနိုင်ကာ ခန့်မှန်းထားသည်ထက် နည်းပါးပါက GBP တန်ဖိုးကျဆင်းစေနိုင်ပါသည်။
ယနေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၄၅ မိနစ်အချိန်တွင် အမေရိကန်နိုင်ငံမှ စက်တင်ဘာလအတွက် ADP National Employment Report ထွက်ရှိမည်ဖြစ်သည်။ ထိုအချက်အလက်များသည် အမေရိက စီးပွားရေးလုပ်ငန်းရှင် လေးသိန်းကျော်ထံမှ စိုက်ပျိုးရေးဝန်ထမ်းမှအပ ကျန်ဝန်ထမ်းများ၏လခထုတ်ပေးမှုများကို တိုင်းတာခြင်းဖြစ်သည်။ ထိုအချက်အလက်သည် အစိုးရထုတ်ပြန်သည့်အချက်အလက်မတိုင်မီ နှစ်ပတ်ကြိုတင်ထွက်လေ့ရှိပြီး အစိုးရမှထုတ်ပြန်သည့် non-farm payroll ထုတ်ပြန်ချက်အတွက် ကြိုတင်ခန့်မှန်းနိုင်သည့်အချက်အလက်များပင်ဖြစ်ပေသည်။ ခန့်မှန်းထားသည့်ပမာဏမှာ 140k ဖြစ်ပြီး ခန့်မှန်းထားသည်ထက် နည်းပါးပါက USD တန်ဖိုးကျဆင်းနိုင်ပြီး ခန့်မှန်းထားသည်ထက် များပြားပါက USD တန်ဖိုးမြင့်တက်စေနိုင်ပါသည်။
ယနေ့ မြန်မာစံတော်ချိန်ည ၉ နာရီအချိန်တွင်တော့ အမေရိကန်နိုင်ငံမှ Crude Oil Inventories သတင်းအချက်အလက်များထွက်ရှိမည်ဖြစ်ပြီး ထိုအချက်အလက်များသည် လက်ရှိအမေရိက လုပ်ငန်းများတွင် ကျန်ရှိနေသေးသော ရေနံပမာဏကိုတိုင်းတာခြင်းဖြစ်ကာ ထိုပမာဏပြောင်းလဲမှုသည် လက်ရှိရေနံဈေးနှုန်းဖောင်းပွမှုများကို သက်ရောက်စေနိုင်ပြီး ဈေးနှုန်းကို ပြောင်းလဲစေနိုင်ပါသည်။ ခန့်မှန်းထားသည့်ပမာဏမှာ 1.567M ဖြစ်ပြီး ခန့်မှန်းထားသည်ထက် နည်းပါးပါက ရေနံဈေးကွက်လမ်းကြောင်းကျယ်ပြန့်ကာ ရေနံဈေးများမြင့်တက်နိုင်ပြီး ခန့်မှန်းထားသည်ထက် များပြားပါကဈေးကွက်လမ်းကြောင်းကျဉ်းကျပ်မှုဖြစ်ပေါ်ပြီး ရေနံဈေးများကျဆင်းနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *