NewsUncategorized

Today Important News (17.10.2019)

ယနေ့ ၁၇.၁ဝ.၂ဝ၁၉ တွင် ထွက်ရှိမည့်အရေးကြီးသတင်းအချက်အလက်များ
ယနေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီအချိန်တွင် UK နိုင်ငံမှ စက်တင်ဘာလအတွက် Retail Sales (MoM) ထွက်ရှိမည်ဖြစ်ပါသည်။ Retail Sales သတင်းအချက်အလက်များသည် လက်လီအရောင်းပမာဏတစ်ခုတွင် ငွေကြေးဖောင်းပွမှုပေါ်လိုက်ပြီး ဈေးနှုန်းများ ပြောင်းလဲမှုကို တိုင်းတာခြင်းဖြစ်ပြီး ယခုသတင်းအချက်အလက်များသည် စီးပွားရေးလှုပ်ရှားမှုတစ်ခုလုံးကို ယေဘုယျအားဖြင့် လွှမ်းခြုံကြည့်ရှုနိုင်ရန် အထောက်အပံ့ပေးထားပါသည်။
ခန့်မှန်းထားသည့်ပမာဏမှာ 0.1% ဖြစ်ပြီး ခန့်မှန်းထားသည်ထက် များပြားပါက GBP တန်ဖိုးမြင့်တက်စေနိုင်သလိုခန့်မှန်းထားသည်ထက် နည်းပါးပါက GBP တန်ဖိုး ကျဆင်းစေနိုင်ပါသည်။
ယနေ့ ညမြန်မာစံတော်ချိန် ည ၇ နာရီအချိန်တွင်တော့ အမေရိကန်နိုင်ငံမှ စက်တင်ဘာလအတွက် Building Permits အချက်အလက်များထွက်ရှိမည်ဖြစ်ပါသည်။ Building Permit သတင်းအချက်အလက်များသည် အမေရိကန် အစိုးရမှ ခွင့်ပြုချမှတ်ပေးသည့် အဆောက်အအုံသစ် ခွင့်ပြုမိန့်ကျခြင်းပမာဏပြောင်းလဲခြင်းကို တိုင်းတာပြီး အိမ်ခြံမြေဈေးကွက်လမ်းကြောင်းကိုတိုင်းတာရာတွင် အဓိကကျသည်။ ခန့်မှန်းထားသည့် ပမာဏမှာ 1.340 M ဖြစ်ပြီး ခန့်မှန်းထားသည်ထက် များပြားပါက USD တန်ဖိုးမြင့်တက်စေနိုင်ပြီး ခန့်မှန်းထားသည်ထက် နည်းပါးပါက USD တန်ဖိုးကျဆင်းစေနိုင်ပါသည်။
ယနေ့ မြန်မာစံတော်ချိန် ည ၇ နာရီအချိန်တွင် အမေရိကန်နိုင်ငံမှ Philadelphia Federal Reserve Manufacturing Index Rate ထွက်ရှိမည်ဖြစ်ပြီး ထိုအရာသည် Philadelphia တွင်ရှိသော ယေဘုယျစီးပွားရေးအခြေအနေကိုတိုင်းတာတွက်ချက်ခြင်းဖြစ်ပြီး ထိုခရိုင်တွင်းရှိ ထုတ်လုပ်သူပေါင်း ၂၅ဝ ကို စစ်တမ်းကောက်ယူထုတ်ပြန်ထားခြင်းဖြစ်ပါသည်။ ခန့်မှန်းထားသည့်ပမာဏမှာ 7.3 ဖြစ်ပြီး ခန့်မှန်းထားသည်ထက် များပြားပါကUSD တန်ဖိုးမြင့်တက်စေနိုင်ပြီး ခန့်မှန်းထားသည်ထက် နည်းပါးပါက USD တန်ဖိုးကျဆင်းစေနိုင်ပါသည်။
ယနေ့ မြန်မာစံတော်ချိန် ည ၉ နာရီခွဲ အချိန်တွင်တော့ အမေရိကန်နိုင်ငံမှ Crude Oil Inventories သတင်းအချက်အလက်များထွက်ရှိမည်ဖြစ်ပါသည်။ Crude Oil Inventories သတင်းအချက်အလက်များသည် လက်ရှိ လုပ်ငန်းများတွင် ကျန်ရှိနေသေးသည့် ရေနံစည်ပမာဏကို တွက်ချက်တိုင်းတာထုတ်ပြန်ခြင်းဖြစ်သည်။ ထိုပမာဏပြောင်းလဲခြင်းသည် လက်ရှိရေနံဈေးနှုန်းများကို သက်ရောက်မှုရှိစေနိုင်ပါသည်။ ခန့်မှန်းထားသည့်ပမာဏမှာ 2.878 M ဖြစ်ပြီး ခန့်မှန်းထားသည်ထက် နည်းပါးပါက ဈေးကွက်လမ်းကြောင်း ကျယ်ပြန့်မှုရှိပြီး ရေနံဈေးနှုန်းများ မြင့်တက်စေနိုင်ကာ ခန့်မှန်းထားသည်ထက် များပြားပါကဈေးကွက်လမ်းကြောင်း ကျဉ်းမြောင်းနိုင်ပြီး ရေနံဈေးနှုန်းများကျဆင်းစေနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *