NewsUncategorized

Today Important News (24.10.2019)

ယနေ့ ၂၄.၁ဝ၂ဝ၁၉ တွင်ထွက်မည့် အရေးကြီးသတင်း အချက်အလက်များ

ယနေ့ မြန်မာစံတော်ချိန် နေ့လည် ၂ နာရီအချိန်တွင် ဂျာမနီနိုင်ငံမှ အောက်တိုဘာလအတွက် German Manufacturing PMI ထွက်ရှိမည်ဖြစ်ပါသည်။ Manufacturing PMI သည် ကုန်ထုတ်လုပ်မှုအပိုင်းတွင်ရှိသည့် Purchasing Managerများ၏ လှုပ်ရှားမှုပမာဏကို တိုင်းတာသည်။ ၅ဝ မှတ်နှင့်အထက် ဖတ်ခြင်းသည် တိုးတက်မှုရှိသည်ကို ပြဆိုပြီး ၅ဝ မှတ်အောက်သည် လိုအပ်ချက်များရှိနေသည်ကို ဆိုလိုခြင်းဖြစ်သည်။ ခန့်မှန်းထားသည့်ပမာဏမှာ 42.0 ဖြစ်ပြီး ခန့်မှန်းထားသည်ထက် များပြားပါက EUR တန်ဖိုးမြင့်တက်စေနိုင်သလို ခန့်မှန်းထားသည်ထက် နည်းပါးပါက EUR တန်ဖိုးကျဆင်းစေနိုင်ပါသည်။
ယနေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၁၅ မိနစ်အချိန်တွင် ဥရောပရှိ အောက်တိုဘာလအတွက် Deposit Facility Rate ထွက်ရှိမည်ဖြစ်ပြီး Deposit Facility Rate သည် Eurosystem တွင် bank များ ညတွင်းချင်း deposit လုပ်နိုင်မည့် နှုန်းထားသတ်မှတ်ချက်ပင်ဖြစ်ပြီး ခန့်မှန်းထားသည့် ပမာဏမှာ -0.50% ဖြစ်သည်။
ယနေ့ မြန်မာစံတော်ချိန်ညနေ ၆နာရီ ၁၅ မိနစ်အချိန်တွင် ECB marginal lending facility rate ထွက်ရှိမည်ဖြစ်ပြီး ထိုအရာသည် Eurosystem တွင် ဘဏ်များသို့ ညတွင်းချင်းပေးမည့် credit ဖြစ်ပြီး ထိုသတင်းအချက်အလက်များကို ECB အစိုးရကောင်စီကထုတ်ပြန်မည်ဖြစ်သည့် အတိုးနှုန်းများနှင့်ပတ်သတ်ပြီး စောင့်ကြည့်ရန် အသုံးပြုကြသည်။
ယနေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၁၅ မိနစ်အချိန်တွင် ဥရောပဗဟိုဘဏ်ဆိုင်ရာ ငွေရေးကြေးရေးမူဝါဒ အဆိုပြုလွှာကို ထွက်ရှိမည်ဖြစ်ပြီး ECB အနေဖြင့် သူတို့ ဆုံးဖြတ်ချက်များကို လွှမ်းမိုးနေသည့် စီးပွားရေးအခြေအနေများ ငွေကြေးစီးဆင်းမှုများနှင့်ပတ်သတ်သည့်အကြောင်းများ ပါဝင်မည်ဖြစ်သည်။
ယနေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၁၅ မိနစ်အချိန်တွင်တော့ ECB မှ အောက်တိုဘာလအတွက် အတိုးနှုန်းသတ်မှတ်ချက်ထွက်ရှိမည်ဖြစ်ပြီး trader များသည် အတိုးနှုန်းသတ်မှတ်ချက်ကို စောင့်ကြည့်ကာ ရေတို trade နိုင်သည့် အခွင့်အလမ်းကိုစောင့်မျှော်လိုကြသည်။ ခန့်မှန်းထားသည့် ပမာဏမှာ 0.0% ဖြစ်ပြီး ခန့်မှန်းထားသည်ထက် နည်းပါးပါက EUR တန်ဖိုးကျဆင်းနိုင်ကာ ခန့်မှန်းထားသည်ထက် များပြားပါက EUR တန်ဖိုးမြင့်တက်စေနိုင်ပါသည်။
ယနေ့ မြန်မာစံတော်ချိန် ည ၇ နာရီအချိန်တွင်တော့ အမေရိကန်နိုင်ငံမှ စက်တင်ဘာလအတွက် Core Durable Goods Ordersသတင်းအချက်အလက်များ ထွက်ရှိမည်ဖြစ်ပါသည်။ ထိုအရာသည် သယ်ယူပို့ဆောင်ရေးပစ္စည်းများမှအပ တာရှည်ခံ ထုတ်ကုန်များအပေါ်တွင် Orderအသစ်များတက်မှု စုစုပေါင်းပြောင်းလဲခြင်းကို တိုင်းတာသည်။ ခန့်မှန်းထားသည့်ပမာဏမှုာ 0.2% ဖြစ်ပြီး ခန့်မှန်းထားသည်ထက် များပြားပါက USD တန်ဖိုးမြင့်တက်စေနိုင်ပြီးခန့်မှန်းထားသည်ထက် နည်းပါးပါက USD တန်ဖိုးကျဆင်းစေနိုင်ပါသည်။
ယနေ့မြန်မာစံတော်ချိန် ည ၇ နာရီအချိန်တွင် ဥရောပဗဟိုဘဏ်မှာ Press Conference ကျင်းပမည်ဖြစ်ပြီး အဆိုပြုချက်များ မေးမြန်းဖြေကြားနေစဉ်အတောအတွင်းတွင် EUR တန်ဖိုး ပြောင်းလဲမှုသိသာနိုင်ပါသည်။
ယနေ့ မြန်မာစံတော်ချိန် ည ၈ နာရီ ခွဲအချိန်တွင် စက်တင်ဘာလအတွက် U.S New Home Sales သတင်းအချက်အလက်များထွက်ရှိမည်ဖြစ်ပါသည်။ ထိုသတင်းအချက်အလက်များသည် ပြီးခဲ့သည့်လအတွင်းက ရောင်းချခဲ့ရသည့် လူနေအိမ်ရောင်းချရမှုပမာဏပြောင်းလဲခြင်းကိုတိုင်းတာခြင်းဖြစ်သည်။ ခန့်မှန်းထားသည့်ပမာဏမှာ 710 k ဖြစ်ပြီး ခန့်မှန်းထားသည်ထက် များပြားပါက USD တန်ဖိုးမြင့်တက်စေနိုင်ပြီး ခန့်မှန်းထားသည်ထက် နည်းပါးပါက USD တန်ဖိုးကျဆင်းစေနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *