NewsUncategorized

Today Important News (25.10.2019)

ယနေ့ ၂၅.၁ဝ.၂ဝ၁၉ တွင်ထွက်ရှိမည့် အရေးကြီးသတင်း အချက်အလက်များ

ယနေ့ မြန်မာစံတော်ချိန် နေ့လည် ၂ နာရီ ၃ဝ မိနစ်အချိန်တွင် ဂျာမနီနိုင်ငံမှ အောက်တိုဘာလအတွက် German Ifo Business Climate Index Rate ထွက်ရှိမည်ဖြစ်ကာ ထိုအရာသည် ယခုလက်ရှိ ဂျာမနီနိုင်ငံစီးပွားရေးအမြေအနေနှင့် လာမယ့်ခြောက်လအတွက် ခန့်မှန်းချက်များကို တိုင်းတာထုတ်ပြန်ခြင်းဖြစ်ပါသည်။ ထိုအရာသည် ကုန်ထုတ်လုပ်သူများ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ လက်ကားနှင့် လက်လီရောင်းချသူများအပေါ်ကောက်ယူထားသော စစ်တမ်းများအရ ထုတ်ပြန်ခြင်းဖြစ်ပြီး Ifo စီးပွားရေးသုတေသနအဖွဲ့မှ ထုတ်ပြန်ခြင်းဖြစ်သည်။ ခန့်မှန်းထားသည့် ပမာဏမှာ 94.6 ဖြစ်ပြီး ခန့်မှန်းထားသည်ထက် များပြားပါက EUR တန်ဖိုးမြင့်တက်စေနိုင်ကာ ခန့်မှန်းထားသည်ထက် နည်းပါးပါက EUR တန်ဖိုး ကျဆင်းစေနိုင်ပါသည်။
ယနေ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီအချိန်တွင် ရုရှားဗဟိုဘဏ်မှ အတိုးနှုန်းထုတ်ပြန်ကြေငြာမည်ဖြစ်ပြီး ဘဏ်အနေနှင့် ငွေကြေးဈေးနှုန်းများ တည်ငြိမ်စွာထိန်းသိမ်းနိုင်စေရန် အတိုးနှုန်းများသတ်မှတ်ခြင်းဖြစ်ပေသည်။ ခန့်မှန်းထားသည့် အတိုးနှုန်းမှာ 6.75 % ဖြစ်ပြီးခန့်မှန်းထားသည်ထက် များပြားပါက RUB ဈေးနှုန်းမြင့်တက်နိုင်သလို ခန့်မှန်းထားသည်ထက် နည်းပါးပါက RUB ဈေးနှုန်းကျဆင်းနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *