NewsUncategorized

Today Important News (30.10.2019)

ယနေ့ ၃ဝ.၁ဝ.၂ဝ၁၉ တွင်ထွက်ရှိမည့်အရေးကြီးသတင်းအချက်အလက်များ

ယနေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီ ၂၅ မိနစ်အချိန်တွင် ဂျာမနီနိုင်ငံမှ အောက်တိုဘာလအတွက် German Unemployment Change သတင်းထွက်ရှိမည်ဖြစ်သည်။ German Unemployment Change သတင်းအချက်အလက်များသည် ပြီးခဲ့သည့်လအတွင်းက အလုပ်လက်မဲ့ဦးရေ ပြောင်းလဲခြင်းကိုတိုင်းတာသည်။ ခန့်မှန်းထားသည့် ပမာဏမှာ 2k ဖြစ်ပြီး ခန့်မှန်းထားသည်ထက် များပြားပါက EUR တန်ဖိုးကျဆင်းစေနိုင်သလို ခန့်မှန်းထားသည်ထက် နည်းပါးပါက EUR တန်ဖိုးမြင့်တက်စေနိုင်ပါသည်။

ယနေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၄၅ မိနစ်အချိန်တွင် အမေရိကန်နိုင်ငံမှ အောက်တိုဘာလအတွက် ADP Nonfarm Employment Change ထွက်ရှိမည်ဖြစ်သည်။ ADP National Employment Report သည် စိုက်ပျိုးရေးလုပ်ငန်းမှအပ ကျန်လုပ်ငန်းများတွက်ရှိသော အလုပ်အကိုင်အခြေအနေကိုတိုင်းတာခြင်းဖြစ်ပြီး အမေရိကရှိ စီးပွားရေးလုပ်ငန်းရှင်ပေါင်း လေးသိန်းကျော်၏ လစာထုတ်ပေးမှုသတင်းများပေါ်မူတည်ပြီးထုတ်ပြန်ခြင်းဖြစ်သည်။ ထိုအချက်အလက်များသည် အစိုးရမှထုတ်ပြန်ခြင်းမပြုခင် နှစ်ရက်ကြိုတင်ထုတ်ပြန်ခြင်းဖြစ်ပြီး အမေရိကန်အစိုးရ၏ non-farm payroll report အတွက် ခန့်မှန်းရာတွင် များစွာမှအသုံးဝင်လှသည်။ ခန့်မှန်းထားသည့် ပမာဏမှာ 120k ဖြစ်ပြီး ခန့်မှန်းထားသည်ထက် များပြားပါက USD တန်ဖိုးမြင့်တက်စေနိုင်ပြီး ခန့်မှန်းထားသည်ထက် နည်းပါးပါက USD တန်ဖိုးကျဆင်းစေနိုင်ပါသည်။

ယနေ့ မြန်မာစံတော်ချိန် ည ၇ နာရီအချိန်တွင် အမေရိကန်နိုင်ငံမှ GDP (QoQ) (Q3) ထွက်ရှိမည်ဖြစ်ပါသည်။ Gross Domestic Product (GDP) သည် စီးပွားရေးတွင် ငွေကြေးဖောင်းပွနှုန်းကြောင့် ဖြစ်ပေါ်လာရသော ကုန်ဈေးနှုန်းနှင့် ဝန်ဆောင်ခတန်ဖိုးများ ပြောင်းလဲခြင်းကို တိုင်းတာပြီး နိုင်ငံ့စီးပွားအခြေအနေကို တိုင်းတာရာတွင် အဓိကအရေးပါလှသည်။ ခန့်မှန်းထားသည့်ပမာဏမှာ 1.6% ဖြစ်ပြီး ခန့်မှန်းထားသည်ထက် များပြားပါက USD တန်ဖိုး မြင့်တက်စေနိုင်ပြီး ခန့်မှန်းထားသည်ထက် နည်းပါးပါက USD တန်ဖိုး ကျဆင်းစေနိုင်ပါသည်။

ယနေ့ မြန်မာစံတော်ချိန် ည ၈ နာရီခွဲအချိန်တွင် ကနေဒါနိုင်ငံဗဟိုဘဏ်မှ ငွေရေးကြေးရေးဆိုင်ရာ မူဝါဒထုတ်ပြန်ချက် ထုတ်ပြန်မည်ဖြစ်ကာ ထိုထုတ်ပြန်ချက်တွင် အတိုးနှုန်းသတ်မှတ်ရာတွင် လွှမ်းမိုးမှုရှိနေနိုင်သည့် စီးပွားရေးအခြေအနေနှင့် အမြင်ရှုထောင့်များ စုစည်းပါဝင်လျက်ရှိနေပေသည်။

ယနေ့ မြန်မာစံတော်ချိန် ည ၈ နာရီခွဲအချိန်တွင်ပင် ကနေဒါနိုင်ငံဗဟိုဘဏ်မှ အတိုးနှုန်းကို တစ်ခါတည်းသတ်မှတ်မည်ဖြစ်ပြီး ခန့်မှန်းထားသည့် အတိုးနှုန်းမှာ 1.75% ဖြစ်ပြီး ခန့်မှန်းထားသည်ထက် များပြားပါက CAD တန်ဖိုးမြင့်တက်စေနိုင်ပြီး ခန့်မှန်းထားသည်ထက် နည်းပါးပါက CAD တန်ဖိုးကျဆင်းစေနိုင်ပါသည်။

ယနေ့ မြန်မာစံတော်ချိန် ည ၉ နာရီအချိန်တွင် အမေရိကန်နိုင်ငံမှ Crude Oil Inventories သတင်းအချက်အလက်များထွက်ရှိမည်ဖြစ်ပြီး ထိုသတင်းအချက်အလက်များသည် အမေရိကန်နိုင်ငံရှိလုပ်ငန်းများတွင် လက်ရှိကျန်ရှိနေဆဲဖြစ်သည့် ရေနံစည် လက်ကျန်ပမာဏကို တိုင်းတာခြင်းဖြစ်သည်။ ခန့်မှန်းထားသည့် ပမာဏမှာ 0.494 M ဖြစ်ပြီး ခန့်မှန်းထားသည်ထက် များပြားပါက ဈေးကွက်လမ်းကြောင်းကျဉ်းမြောင်းကာ ရေနံဈေးနှုန်းများကျဆင်းနိုင်ပြီး ခန့်မှန်းထားသည်ထက် နည်းပါးပါက ဈေးကွက်လမ်းကြောင်းကျယ်ပြန့်ကာ ရေနံဈေးနှုန်းများ မြင့်တက်စေနိုင်ပါသည်။

ယနေ့ မြန်မာစံတော်ချိန် ည ၉ နာရီ ၄၅ မိနစ်အချိန်တွင်တော့ ကနေဒါဗဟိုဘဏ်မှ Press Conference ပြုလုပ်မည်ဖြစ်ပြီး ထိုအချိန်တွင် အတိုးနှုန်းနှင့်ပတ်သတ်ပြီး လွှမ်းမိုးမှုရှိသော အမြင်များ စီးပွားရေးအကြောင်းများကို ပြောဆိုဆွေးနွေးကြမည်ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *