NewsUncategorized

Today Important News (1.11.2019)

ယနေ့ ၁.၁၁.၂ဝ၁၉ တွင် ထွက်ရှိမည့် အရေးကြီးသတင်းအချက်အလက်များ

ယနေ့မြန်မာစံတော်ချိန် ညနေ ၄ နာရီအချိန်တွင် အင်္ဂလန်နိုင်ငံမှ အောက်တိုဘာလအတွက် Manufacturing PMI ထွက်ရှိမည်ဖြစ်ပါသည်။ Manufacturing Purchasing Managers’ Index (PMI) သည် ကုန်ထုတ်လုပ်မှုအပိုင်းတွင်ရှိသည့် Purchasing Manager များ၏ Activity Level ကို တိုင်းတာခြင်းဖြစ်သည်။ ၅ဝ နှင့် အထက်ဖတ်ခြင်းသည် ကောင်းမွန်မှုရှိနေသည်ကိုဆိုလိုပြီး ၅ဝ မှတ်အောက်ရရှိခြင်းသည် လိုအပ်ချက်များရှိနေကြောင်းကိုပြဆိုသည်။ ခန့်မှန်းထားသည့်ပမာဏမှာ 48.1 ဖြစ်ပြီး ခန့်မှန်းထားသည်ထက် များပြားပါက GBP တန်ဖိုးမြင့်တက်စေနိုင်ကာ ခန့်မှန်းထားသည်ထက် နည်းပါးပါက GBP တန်ဖိုးကျဆင်းနိုင်စေပါသည်။

ယနေ့ မြန်မာစံတော်ချိန် ည ၇ နာရီအချိန်တွင် အမေရိကန်နိုင်ငံမှ အောက်တိုဘာလအတွက် Non-farm payrolls သတင်းအချက်အလက်များထွက်ရှိမည်ဖြစ်ပါသည်။ Nonfarm Payrolls သတင်းအချက်အလက်များသည် စိုက်ပျိုးရေးလုပ်ငန်းမှအပ ကျန်လုပ်ငန်းများတွင်လုပ်ကိုင်လျက်ရှိသည့် လူဦးရေ ပြီးခဲ့သည့်လက ပြောင်းလဲခြင်းကို တိုင်းတာသည်။ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ခြင်းသည် ပြည်သူများသုံးစွဲနိုင်မှုကို တိုင်းတာရာတွင် အဓိကကျသည်။ ခန့်မှန်းထားသည့်ပမာဏမှာ 89k ဖြစ်ပြီး ခန့်မှန်းထားသည်ထက် များပြားပါက USD တန်ဖိုးမြင့်တက်စေနိုင်ကာ ခန့်မှန်းထားသည်ထက် နည်းပါးပါက USD တန်ဖိုးကျဆင်းနိုင်စေပါသည်။

ယနေ့ မြန်မာစံတော်ချိန် ည ၇ နာရီအချိန်တွင် အမေရိကန်နိုင်ငံမှ Unemployment Rate ထွက်ရှိမည်ဖြစ်ပြီး ထိုအရာသည် အလုပ်မရရှိသေးသူများ၏ စုစုပေါင်း လုပ်အားကို တိုင်းတာခြင်းဖြစ်ကာ ခန့်မှန်းထားသည့်ပမာဏမှာ 3.6% ဖြစ်ပြီး ခန့်မှန်းထားသည်ထက် များပြားပါက USD တန်ဖိုးကျဆင်းနိုင်ကာ ခန့်မှန်းထားသည်ထက် နည်းပါးပါက USD တန်ဖိုးမြင့်တက်စေနိုင်ပါသည်။

ယနေ့ မြန်မာစံတော်ချိန် ည ၈ နာရီခွဲအချိန်တွင် အမေရိကန်နိုင်ငံမှ အောက်တိုဘာလအတွက် ISM Manufacturing Index ထွက်ရှိမည်ဖြစ်သည်။ Institute of Supply Management (ISM) မှဖြန့်ချိသည့်Purchasing Managers Index (PMI) သည် စက်မှုcompany ပေါင်း ၄၀၀ ကျော်တွင်ရှိသော purchasing နှင့် supply executives များကိုကောက်ခံထားသော စစ်တမ်းများအရထုတ်ပြန်ခြင်းဖြစ်သည်။ ခန့်မှန်းထားသည့်ပမာဏမှာ 48.9 ဖြစ်ပြီး ခန့်မှန်းထားသည်ထက် များပြားပါက USD တန်ဖိုးမြင့်တက်စေနိုင်ကာ ခန့်မှန်းထားသည်ထက် နည်းပါးပါက USD တန်ဖိုးကျဆင်းစေနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *