ArticlesUncategorized

How To Develop A Profitable Forex Mindset

မင်္ဂလာပါရှင် 🤗🤓

အမြဲတမ်းမိတ်ဆွေတို့နဲ့ ဆွေးနွေးမျှဝေဖြစ်တဲ့
How to Develop a Profitable Forex Mindset
( forex မှာ ဘယ်လို စိတ်နေစိတ်ထား အရင်ကထက်ပိုပြီး
ဘယ်လိုထားကြမလဲ?)
Forex trading မှာအောင်မြင်ခြင်းက အရင်ကဆွေးနွေးဖြစ်ခဲ့တဲ့ TA ,FA စတဲနည်း့ပညာနည်းစနစ်တွေ
Trading strategy အသုံးပြုပုံ တွေ အားလုံးပေါ်မူတည်နေတယ်ဆိုရင်တော့ မှားပါတယ် ။ ၅၀ % ပဲမှန်နိုင်ပါတယ် ။

ဒါဆို ဘာကြောင့် လဲ?
Forex မှာထားတဲ့ မိတ်ဆွေရဲ့ အတွေးအခေါ်နဲ့ သက်ဆိုင်နေလို့ပါ ။
ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင်
Trading strategy ကအရေးပါပါတယ်။ နောက်ထပ်အရေးပါတာက trading လုပ်ရာမှာ စိတ်ကိုအလိုမလိုက်ရန်ဖြစ်ပါတယ် ။
ဒီအချက်နှစ်ချက်ကို ပိုင်နိုင်စွာအသုံးချမယ်ဆိုရင် မိတ်ဆွေတို့ဟာ forex မှာ ရေရှည်အောင်မြင်သူတွေ
ဖြစ်လာမှာပါ။
Trading ဲပြုလုပ်ရာမှာ စိတ်ကိုစမ်းသပ်ရာမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမှားများကို လေ့လာဖို့
အချက်လေးတွေနဲ့ လေ့လာကြည့်လိုက်ပါ။။📄

🌀လောဘကြီးခြင်း
Forex trading နဲ့ ပက်သက်တဲ့ ဆိုရိုးစကားအဟောင်းလေးတွေ ရှိပါတယ် “ကျွဲရိုင်းလည်းပိုက်ဆံရှာ ၊ဝက်ဝံလည်းပိုက်ဆံရှာနိုင်ရင် ဝက်ရဲ့အဖျက်ကိုလည်းခံရတက်တယ်” ။ဆိုလိုချင်တာက သင်ဟာ
ဈေးကွက်မှာ လောဘကြီးမယ်ဆိုရင် ဆုံးရှုံးရဖို့ အသေအချာပါပဲ ။ trader တွေကအမြတ်ရရှိတဲ့ အခါမှာတော့ လောဘကြီးတက်ကျပါတယ် ။ အမြတ်များများရနိုင်တဲ့ အတွေးနဲ့ အလွယ်တကူ
ဆုံးဖြတ်ကြခြင်းပါ။ Over trading ပြုလုပ်ခြင်းကလောဘကြီးခြင်းအစပါပဲ။

🌀ကြောက်နေခြင်း
Trader တွေက forex နယ်ပယ်မှာ မရင်းနှီးတဲ့ အခါတွေမှာတော့ ကြောက်တက်ကြပါတယ်။
ကြောက်စိတ်ဟာ trading လုပ်ခြင်းမှာ များစွာသော ဆိုးကျိုးများ ဖြစ်ပေါ်စေပါတယ်။
-Revenge (ကလဲ့စားချေခြင်း or မရမကပြန်လည်ရယူလိုစိတ်)
Trader တွေ ဆုံးရှူံးမှုဖြစ်တဲ့ချိန် ပြန်လည်ရယူလိုစိတ်ဖြစ်တက်ပါတယ်။ အဓိကအချက်က trading မှာ တည်ငြိမ်မှုမရှိခြင်းပါ။ တစ်ခါ ဆုံးရှံ့းမှုကို ချေပဖို့နောက်ထပ်ကြီးမားတဲ့ ရင်းနှီးမြုပ်နှံမှုက ဆုံးရှ့ုံးမှုကို နှစ်ဆတိုးစေတယ်ဆိုတာ သတိထားဖို့ လိုပါတယ်။

🌀ပီတိဖြစ်ခြင်း
ဝမ်းသာတယ်ပီတိဖြစ်တယ်ဆိုတာ ကောင်းတဲ့အချက်ဖြစ်ပါတယ်။ဒါပေမဲ့ဒါဟာလည်း ဆုံးရှုံးမှုကို ဦးတည်စေပါသည်။ အကြောင်းကတော့ trading မှာယုံကြည်မှု လွန်ကဲနေလို့ပါ။ဥပမာ trading လုပ်ရာမှာ ၅ ကြိမ်လောက် အမြတ်ဆက်တိုက် ရချိန်မှာ ဆက်တိုက် profit ရမယ်ဆိုတဲ့ အတွေးမျိုး ဝင်လာတာကြောင့်
ဖြစ်ရတာပါ။ trader တွေက ကြီးကြီးမားမားအောင်မြင်မှုရပြီးချိန်မှာ ပြန်လည်ဆုံးရှ့ုးမှုတွေနဲ့ ကြုံရတက်ပါတယ်။
ဒါဟာ ပျော်ရျွင်ပြီးနောက် ဆက်လက်ဖြစ်ပေါ်လာမဲ့ ဆုံးရှ့ုံးမှုကို မေ့လျော့ခြင်းပါ။ မှတ်သားထားမဲ့ အဓိကအချက်တချက်ကတော့ ဖြစ်နိုင်ခြေကိုတွက်ချက်ဖို့ပါ။

မိတ်ဆွေမှာ အမြတ်ရနိုင်ခြေ ၇၀% ရှိရင်တောင် ၃၀% ကဆုံးရှုံးနိုင်တယ်ဆိုတာမမေ့ပါနဲ့ 📌

KOF

YOUR_EMOTIONS_DETERMINES_YOUR_OUTCOMES

Leave a Reply

Your email address will not be published. Required fields are marked *