ArticlesUncategorized

Why sell and buy in forex ?

Hello !🤗✋ ဈေးကွက်စဖွင့်ရက် Data တွေ ကြည့်ဖို့ နည်းတဲ့အချိန်မှာ
Forex မှာဘယ်လိုလူတွေဘာကြောင့် trade ကြလဲဆိုတဲ့

အကြောင်းကို မျှဝေပေးပါမယ်။

📍Bank များ
ဘဏ်များအကြား အရောင်းအဝယ်လုပ်ခြင်း လည်ပတ်ခြင်းက forex trading မှာ ငွေကြေးအများအပြား အနေနဲ့ ပါဝင်ပါတယ်။ တချိူ့ ဘဏ်ကြီးတွေ ဆိုရင် dollar billion နဲ့ချီပြီး နေ့စဉ် Trading လုပ်ပါတယ်။

📍Company များ
Company များဟာ လုပ်ငန်းလည်ပတ်ရာမှာ နိုင်ငံခြားဝင်ငွေကို အရောင်းအဝယ်ပြုလုပ်ခြင်းမှာ
မဖြစ်မနေ သုံးကြပါတယ်။forex နေ့စဉ်ဈေးကွက်မှာ company များကအလွန်အရေးပါပါတယ်။

📍ရင်းနှီးမြုပ်နှံသူများ
ရင်းနှီးမြုပ်နှ့သူများဟာ သူတို့ရဲ့ client များအတွက် ကြီးမားစွာရင်းနှီ
းမြုပ်နှံကြပြီး နိုင်ငံခြားသို့ ငွေကြေးပြောင်းလွှဲရာမှာ လုံခြူံရေးအတွက် အဆင်ပြေချောမွေ့စေရန် forex ကိုသုံးကြပါတယ်။
ဥပမာ- ရင်းနှီးမြုပ်နှံထားတဲ့ manager တစ်ယောက်က ပိုင်ဆိုင်ထားတဲ့အစုရှယ်ယာများကို ရောင်းဝယ်ရာမှာ လုံခြုံရေးအတွက် ၊ငှားရမ်းမှုအတွက် ငွေပေးချေရန်အတွက် forex ကို အသုံးပြုပါသည်။

📍Forex မှာ လက်ငင်းရောင်းဝယ်ဖောက်ကားသူများ
ဒီလူတွေကတော့ Forex မှာ လက်ငင်းအရောင်းအဝယ်ပြုလုပ်ရာမှာ လွယ်ကူခြင်း ၊ internet ကို အလွယ်တကူအသုံးပြု နိုင်ခြင်းကြောင့် တနေ့ထက်တနေ့ အောင်မြင်လာပါတယ်။လက်ငင်းရောင်းဝယ်ကြသူများဟာ ဘဏ်တွေနဲ့ ရောင်းချနေသူများနဲ့ သွယ်ဝိုက်တိုက်ဆိုင်နေပါတယ်။လက်ငင်းရောင်းချသူ နှစ်မျိူးရှိပါသည်။
Broker လို့ခေါ်တဲ့ ဝန်ဆောင်မှုပေးသူနဲ့ Dealer ဈေးကွက်ကစားသူတို့ဖြစ်ပါသည်။
ဝန်ဆောင်မှုပေးသူများဟာ ဈေးအတက်အကျ ဈေးအကောာင်းဆုံး အချိန်တို့ကို ဝန်ဆောင်ခယူပြီး trader တွေအတွက် ကိုယ်စားဆောင်ရွက်ပေးပါသည်။ ဈေးကွက်ကစားသူ dealer များကတော့ trader များအတွက် ဈေးကွက်ဖန်တီးကြသူများဖြစ်ပြီး ငွေကြေးတန်ဖိုးကိုတွက်ချက်ပြောင်းလဲပေးကြပါတယ် ။

ဆက်လက်ပြီး မျှဝေပါအုန်းမည်။

KOF

𝑨𝒗𝒆𝒓𝒂𝒈𝒆 𝒑𝒑𝒍 𝒇𝒐𝒄𝒖𝒔 𝒐𝒏 𝒔𝒂𝒗𝒊𝒏𝒈.
𝑹𝒊𝒄𝒉 𝒑𝒑𝒍 𝒇𝒐𝒄𝒖𝒔 𝒐𝒏 𝒆𝒂𝒓𝒏𝒊𝒏𝒈

Leave a Reply

Your email address will not be published. Required fields are marked *