About Us / Regulation

☘️ King of Future Consulant Co.Ltdဟာမြန်မာနိုင်ငံ MIC ရုံးမှ တရားဝင်ကုမ္ပဏီအမှတ်(1649)ကိုရရှိပြီး လူကြီးမင်းတို့ရဲ့ငွေကြေးလုံခြုံစိတ်ချရမှုအတွက် ဩစတေးလျ အခြေစိုက်Server USG FXနဲ့ချိတ်ဆက်ထားပါတယ်။ကမ္ဘာ့ထိပ်တန်းဝင်ဩစတေးလျ Serverဖြစ်တဲ့ USG FXဟာ
ဩစတေးလျနိုင်ငံရဲ့တရားဝင်အသိအမှတ်ပြု ASIC (Australia Security Investment Commission)မှချမှတ်ထားသည့် မြင့်မားသည့်စံနှုန်းသတ်မှတ်ချက်များကိုလိုက်နာသောအားဖြင့် Australia Financial Service Licence (AFSL-302792) တွင်မှတ်ပုံတင်ထားရှိထားပါတယ်။

☘️ ASICဟာကမ္ဘာ့ထိပ်တန်းငွေရေးကြေးရေးနှင့်သက်ဆိုင်တဲ့ တရားဝင်ထိန်းသိမ်းသည့်အဖွဲ့အစည်းဖြစ်ပြီး အစိုးရ၏ လွတ်လပ်သည့် အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်လျက်ရှိကာ ငွေရေးကြေးရေးဝန်ဆောင်မှုများ၊ရင်နှီးမြှပ်နှံမှုဆိုင်ရာလုပ်ငန်းများ၊အာမခံလုပ်ငန်းများ၊ဘဏ်လုပ်ငန်းနှင့်နိုင်ငံခြားငွေလှဲလှယ်ခြင်းဆိုင်ရာလုပ်ငန်းများကို လွတ်လပ်ပွင့်လင်းသောအမြင်ဖြင့် ကြည့်ရှုထိန်းသိမ်းလျက်ရှိပါသည်။

☘️ ASICသည် နိုင်ငံတကာရင်းနှီးမြှပ်နှံသူများနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများကြားတွင် ထိပ်တန်းငွေရေးကြေးရေးဆိုင်ရာ တရားဝင်ထိန်းသိမ်းသူအဖြစ် လူသိများပြီး ရင်းနှီးမြှပ်နှံသူများ၏ ငွေကြေးဆိုင်ရာကိစ္စရပ်များကို အကာအကွယ်ပေးနိုင်ရန်အတွက် စည်းကမ်းတင်းကျပ်ကြီးမားသော စနစ်များဖြင့် ထိန်းချုပ်ထားပါတယ်။

☘️ ASICမှစည်းမျဉ်းများအရ USGFXဟာ လုပ်ငန်းစဉ်များအားလုံးတွင် သတ်မှတ်ထားသော ငွေရေးကြေးရေးဆိုင်ရာ စံနှုန်းများကို လိုက်နာရမည်ဖြစ်ပြီး ငွေကြေးဆိုင်ရာကိစ္စရပ်များတွင် ပွင့်လင်းမြင်သာမှု ရှိရမည်ဖြစ်ကာ ငွေအသွင်းအထုတ်မှတ်တမ်းများကို သတ်မှတ်ထားသည့် စံနှုန်းများနှင့်အညီ တရားဝင်ကိုင်တွယ်ပေးရမှာဖြစ်ပါတယ်။

☘️ ငွေကြေးပိုင်းဆိုင်ရာလုံခြုံစိတ်ချမှုရှိရန်အတွက်လည်း USGFXဟာ Commonwealth Bank of Australia ကိုရွေးချယ်ထားပြီး ထိုဘဏ်ရှိ Trustအကောင့်မှတစ်ဆင့် Client များရင်းနှီးမြှပ်နှံထားသည့်ငွေကြေးများကို လုံခြုံမှုရှိစွာ ထိန်းသိမ်းပေးထားပါတယ်။အဆင့်ဆင့်ဖြစ်သော လုံခြုံရေးစနစ်များကို အသုံးပြုထားတဲ့အတွက် ငွေအလွှဲအပြောင်းကိစ္စရပ်များကို ရာနှုန်းပြည့် လုံခြုံစိတ်ချစွာ လုပ်ဆောင်နိုင်မာလည်းဖြစ်ပါတယ်။ထို့အပြင် ကုမ္ပဏီတွေရဲ့ငွေနဲ့ ဖောက်သည်များရဲ့ငွေများကို ခွဲခြားထားသလို ထိုငွေအားလုံးကိုလည်း ASICအဖွဲ့အစည်းကြီး၏ ထိန်းသိမ်းမှုဆိုင်ရာ စည်းမျဉ်းများအောက်တွင် ထားရှိထားပါတယ်။