About Us

King Of Future Consultant Co.,Ltd က ၂၀၁၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ကာKing Of Future က အမျိူးသား စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန မှ ၂၀၁၆ ခုနှစ် ဇူလိုင်လ တွင် တရားဝင်မှတ်ပုံတင် အမှတ် – ၁၆၄၉ ဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိပါသည်။ ကုမဏီသည် ရန်ကုန်တွင်ရုံးချူပ်ထားရှိပြီး , မန္တလေးမြို့မှာ ရုံးခွဲ အဖြစ် ၂ နှစ်တိတိ လည်ပတ်လျက်ရှိသည်။ ကုမဏီတွင် သင်တန်းသားဦးရေ ၅ဝဝ ကျော်အားသင်ကြားပေးခဲ့ပြီးဖြစ်သည်။

King of Future ၏ Partner မှာ USGFX ဖြစ်ပြီး USGFX သည် ကမ္ဘာတစ်လွှားရှိ client များကို ငွေကြေးအတွဲများ၊ ကုန်ပစ္စည်းမျာနှင့်စတော့များကို အွန်လိုင်းမှတစ်ဆင့် ယုံကြည်စိတ်ချစွာ trade လုပ်နိုင်စေရန်အတွက် trading အတွေ့အကြုံရှိ ပညာရှင်ကြီးများနှင့် လူသိအများဆုံး ဂုဏ်သတင်းကျော်ဇောမှုများနှင့်တကွ ထောက်ပံ့ပေးထားပါသည်။ USGFX သည် ကမ္ဘာတစ်လွှားတွင် ရုံးခွဲများလည်း ဖွင့်လှစ်ထားရှိပြီး client များ၏ လိုအပ်သော အကူအညီများအတွက် ၂၄ နာရီပတ်လုံး အထောက်အပံ့ပေးလျက်ရှိပါသည်။ USGFX သည် နိုင်ငံပေါင်း ၃ဝ ကျော်တွင် သေချာသီးသန့်စီစဉ်ပေးထားသော trading solution များအား စီစဉ်ပေးထားပါသည်။
အခြားသောဈေးကွက်ဝန်ဆောင်မှုပေးသူများနှင့်မတူဘဲ USGFX သည် liquidity provider 50 ကျော်ထံမှ ECN Account ကိုထောက်ပံ့ပေးထားပါသည်။ အကောင်းဆုံးနှုန်းထားကို အလိုအလျောက်ရွေးချယ်ပေးပြီး သင်၏အမြတ်ငွေများကို အမြင့်ဆုံးနှုန်းသို့ ရွေးချယ်မြှင့်တင်ပေးနိုင်ပါသည်။
ASIC မှ ၂ဝ၁၆ ခုနှစ်ကတည်းက ထိန်းသိမ်းလုပ်ဆောင်ခဲ့ပြီး multi partnership, affiliate အစီအစဉ်များအတွက် လိုအပ်ချက်များကို အပြည့်အဝဖြည့်ဆည်းပေးနိုင်စေရန် ပြင်ဆင်ပေးခဲ့သည်။ ထို့အပြင် ကမ္ဘာတစ်လွှားရှိ trading လုပ်ကြမည့်ပတ်ဝန်းကျင်အတွက် လုံခြုံစိတ်ချရပြီး risk management ကို ကောင်းစွာ စီမံခန့်ခွဲနိုင်စေရန်လည်း စီစဉ်ထားရှိပေးလျက်ရှိပါသည်။

သင်၏ငွေများကို လုံခြုံစိတ်ချရမှုရှိစေရန်အတွက် USGFX သည် ကမ္ဘာပေါ်တွင် လူသိများသော ဘဏ်များတွင် မြှုပ်နှံထားသည့် ငွေများအားလုံးကို လုံခြုံစွာ သိမ်းဆည်းပေးထားပါသည်။ USGသည် Commonwealth Bank of Australia ကို ရွေးချယ်ထားပြီး ထိုဘဏ်ရှိ trust account မှတစ်ဆင့် client များ ရင်းနှီးမြှုပ်နှံထားသည့် ငွေကြေးများကို လုံခြုံမှုရှိစွာ ထိန်းသိမ်းပေးထားပါသည်။ အဆင့်ဆင့်ဖြစ်သော လုံခြုံရေးစနစ်များကို အသုံးပြုထားသည့် အတွက်ကြောင့် သင့်အား စိတ်ပျက်ခြင်း အလျဉ်းမရှိစေရဘဲ ငွေအလွှဲအပြောင်းများကို ရာနှုန်းပြည့် ယုံကြည်စိတ်ချစွာ ဖော်ဆောင်နိုင်မည်လည်း ဖြစ်ပါသည်။ ထို့အပြင် Company ငွေနှင့် ဖောက်သည်များ၏ ငွေကိုခွဲခြားထားသလို ထိုငွေအားလွုံးကိုလည်း ASIC အဖွဲ့အစည်းကြီး၏ ထိန်းသိမ်းမှုဆိုင်ရာ စည်းမျဉ်းများအောက်တွင် ထားရှိထားပါသည်။

USG သည်အွန်လိုင်း trading platform တွင် ပိုမိုကောင်းမွန်စွာ ဦးဆောင်လာစေနိုင်ရန် ရည်ရွယ်လျက်ရှိကာ သင့်အား ကမ္ဘာ့အဆင့်ကျွမ်းကျင်သော စီမံခန့်ခွဲမှုများ ပြုလုပ်နိုင်စေရန်နှင့် ခိုင်မာပြီး လုံခြုံမှုရှိသော ဖွဲ့စည်းပုံစနစ်နှင့်အတူ သင်၏ငွေကြေးဆိုင်ရာများ အားလုံးကို စည်းမျဉ်းများအတိုင်း နီးကပ်တင်းကျပ်စွာ ထိန်းသိမ်းစောင့်ရှောက်ပေးလျက်ရှိပါသည်။ Union Standard International Group (USGFX)သည် ASIC (Australian Securities & Investment Commission) မှချမှတ်ထားသည့် မြင့်မားသည့် စံသတ်မှတ်ချက်များကို လိုက်နာရန်အားဖြင့် AFSL Number 302797 တွင် မှတ်ပုံတင်ထားရှိပါသည်။ ထို့ပြင် USG သည် NEW Zealand နိုင်ငံရှိ Financial Service Providers (FSP) ၏ ထိန်သိမ်းမှု စံချိန်စံညွှန်းများကို လိုက်နာခြင်းအားဖြင့် FSP Number 365766 တွင် မှတ်ပွုတင်ထားရှိပါသည်။

USGFX's Liquidity Providers