COVID-19 ကာကွယ်ဆေးသည် နှစ်ကုန်ပိုင်းတွင်အဆင်သင့်ရှိနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲကြီးက အင်္ဂါနေ့က ပြောကြားခဲ့သည်။

WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က နိုင်ငံခေါင်းဆောင်များအားလုံး ကာကွယ်ဆေးများကိုသူတိုရရှိလာသောအခါ စည်းလုံးညီညွတ်မှု ရှိရှိနှင့် တန်းတူညီမျှ ဖြန့်ဖြူးရာတွင် သေချာမှုရှိစေရန် တောင်းဆိုခဲ့သည်။

Tedros ကကာကွယ်ဆေးထိုးရန်လိုအပ်ပြီး ယခုနှစ်အကုန်တွင်ကျွန်ုပ်တိုတွင် ကာကွယ်ဆေးရှိကောင်းရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

စမ်းသပ်ဆဲကာကွယ်ဆေး ၉ ခုသည် ၂၀၂၁ ခုနှစ်အကုန်တွင်ဆေးပမာဏနှစ်ဘီလီယံကိုဖြန့်ဝေပေးရန်ရည်ရွယ်ထားပြီး WHO ၏ ကမ္ဘာလုံးဆိုင်ရာကာကွယ်ဆေးထိုးစက်ရုံ COVAX၏ ပိုက်လိုင်းတွင်ရှိနေသည်။

ကူးစက်ပျံ့နှံမှုအပေါ် ကမ္ဘာလုံးဆိုင်ရာတုံပြန်မှုကိုလေ့လာခဲ့သော နှစ်ရက်ကြာဘုတ်အဖွဲအစည်းအဝေးတွင် U.N အေဂျင်စီကို အားဖြည့်ရန်အတွက် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန်ဂျာမနီ၊ ဗြိတိန်နှင့်သြစတြေးလျတိုအပါအ၀င်နိုင်ငံများမှတဆင့် ကြားသိရသည်။

အမေရိကန်သမ္မတ Donald Trump ၏အုပ်ချုပ်ရေးအဖွဲက ကမ္ဘာ့ကျန်းမာရေးအဖွဲကြီးဟာ အကျပ်အတည်းကာလတွင် တရုတ်နိုင်ငံနှင့် နီးကပ်လွန်းသည်ဟုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး Wuhan တွင်ပထမဆုံးဗိုင်းရပ်စ်ကူးစက်သည့်လွန်ခဲ့သောနှစ်နှောင်းပိုင်းက
ပေကျင်း၏လုပ်ရပ်အားမေးခွန်းထုတ်ရန်လုံလောက်မှုမရှိကြောင်း စွပ်စွဲပြောကြားခဲ့သည်။

Tedros ကအကြံပြုချက်တွေကိုပယ်ချလိုက်ပြီးသူ့ရဲ့အေဂျင်စီက ကမ္ဘာကိုအသိပေးခဲ့ပါတယ်။

ကျန်းမာရေး အရေးပေါ် အခြေအနေအတွင်းချမှတ်ထားသောကုန်သွယ်ရေးနှင့်ခရီးသွားလာခွင့်ကန့်သတ်ချက်များအတွက် လမ်းညွှန်ချက်များချမှတ်ထားသည့် ၎င်း၏ ၂၀၀၅ ခုနှစ်အပြည်ပြည်ဆိုင်ရာကျန်းမာရေးစည်းမျဉ်းများအပါအဝင် WHO ၏စွမ်းဆောင်ရည်ကိုပြန်လည်သုံးသပ်သည့် သီးခြားအဖွဲသုံးဖွဲ က ပြန်လည် Update လုပ်ခဲ့ပါတယ်။

နယူးဇီလန်နိုင်ငံ ၀န်ကြီးချုပ်ဟောင်း Helen Clark နှင့် လိုက်ဘေးရီးယားသမ္မတဟောင်း Ellen Johnson Sirleaf တို ဦးဆောင်သော Pandemic ကြိုတင်ပြင်ဆင်ခြင်းနှင့် တုန့်ပြန်မှုအတွက် လွတ်လပ်သောအဖွဲသည် ပြီးခဲ့သည့်လက ပထမဆုံးအကြိမ်တွေ့ဆုံခဲ့သည်။

Tedros မှပြောကြားရာတွင် “ကျွန်တော်တိုဟာတွေ့ကြုံခဲ့ရတာတွေကို သင်ခန်းစာယူပြီးလက်တွေ့အကောင်အထည်ဖော်ကာ အလားတူအဖြစ်အပျက်တွေမဖြစ်အောင်တားဆီးနိုင်လိမ့်မယ်လိုမျှော်လင့်ပါတယ်” ဟုပြောကြားခဲ့သည်။ “ဒါပေမယ့် WHO ကဒီကိစ္စကိုလေ့လာပြီးဒီအဖွဲအစည်းကိုပြောင်းလဲဖိုအဆင်သင့်ဖြစ်နေပြီလိုသင့်ကိုအာမခံချင်ပါတယ်”ဟုလည်း ၎င်းကထပ်လောင်းပြောကြားခဲ့ပါသေးတယ်။

“ကျွန်ုပ်တိုဟာ ပြုပြင်ပြောင်းလဲမှုတွေကို စဉ်ဆက်မပြတ် ပြုလုပ်သွားပါမယ်လို ကတိပေးပါတယ်”ဟုလည်း 2017 ခုနှစ်တွင်ကတည်းက သူတာဝန်ယူခဲ့သော အစီအစဉ်ကိုရည်ညွှန်းပြီး ပြောကြားခဲ့ပါတယ်။

#Reuters သတင်းဌာနမှ ကောက်နုတ်တင်ပြထားပါသည်။