Economic analysis

Hello ! Monday မှာကြည့်စရာ သတင်းအချက်အလက်တွေနဲ့ အတူ forex မှာအချက်အခြာကျတဲ့ စီးပွားရေးဆိုင်ရာ အသိပေးမှုလေးတွေကို လေ့လာကြည့်ပါမယ်။🍀🍀

အချက်လေး (၉) ချက်ကိုတော့ ပိုပြီးတော့လေ့လာလို့ရအောင်မျှဝေပေး
လိုက်ပါတယ်။

🛎Gross Domestic Product (GDP)
GDP ဆိုတာ စီးပွားရေးတိုးတက်မှုတိုင်းတာရာမှာ အရေးပါဆုံးတစ်ခုဖြစ်ပါသည်။အဲ့တာကို စီးပွားရေးနယ်ပယ်တစ်ခုလုံးမှာ သုံးပါတယ်။GDP ကိုစီးပွားရေးလောကရဲ့ ကုန်ပစ္စည်းဝန်ဆောင်မှုတစ်ခုလုံးကို တိုင်းတာပါသည်။

🛎Trade balance
Trade balance က သွင်းကုန်ထွက်ကုန်ကို တိုင်းတာနည်းစနစ်ဖြစ်ပါသည်။ Trade balance ဟာ သွင်းကုန် ထွက်ကုန်ကို တိုင်းတာ နည်းစနစ်ဖြစ်ပါသည်။trade balance ဟာ သွင်းကုန်ပို့ကုန် ပမာဏနဲ့ ကြီးမားစွာ သက်ဆိုင်ပြီး နိုင်ငံတစ်ခုလုံးရဲ့အရေးပါတဲ ံစီးပွားရေးအင်အား ညွှန်းကိန်းတစ်ခုဖြစ်ပါသည်။နိုင်ငံရဲ့ ထုတ်ကုန်ဟာ စီးပွားရေးအင်အားကိုတိုးစေတဲ့ အတွက် သွင်းကုန်ထက် ပိုမိုအလေးသာပါတယ် ။

🛎Consumer Price Index (CPI)
CPI ကတော့ ငွေကြေးဖောင်းပွမှုတိုင်းတာရာမှာကျယ်ပြန့်စွာ သုံးပါတယ် ။ ဒါကတော့ လစဉ် ၁၅ ရက်နေ့မှာ ပြီးခဲ့တ ဲ့ အချက်အလက်တွေကို ထုတ်ပြန်ပေးတာ ဖြစ်ပါတယ် ။

🛎The Producer (PPI)
PPI ကတော့ CPI နဲ့ဆင်ပါတယ်။ ပြီးခဲ့တဲ့ လစဉ်တန်ဖိုးကို လစဉ် သီတင်းပတ်အကုန်မှာ မနက် ၈း၃၀ မှာထုတ်ပြန်ပြီးပါတယ် ။ PPI ကော့ လက်ကားရောင်းဝယ်မှုရဲ့ ကုန်စည်ဈေးနှုနု်းကိုတိုင်းတာပါတယ် ။ CPI နဲ့ယှဉ်မယ်ဆိုရင် PPI ဟာထုတ်လုပ်သူရဲ့ တန်ဖိုးကို တိုင်းတာတာဖြစ်ပြီး CPI ကတော့ ဝယ်ယူသူတွေကို တိုင်းတာခြင်းဖြစ်ပါတယ်။

🛎Employment Indicators အလုပ်အကိုင်ခန့်အပ်ခြင်း
အရေးကြီးဆုံး အလုပ်အကိုင်ခန့်အပ်မှု ကြေငြာခြင်းကို လစဉ်ပထမအပတ် သောကြာရဲ့ မနက် ၈း၃၀ မှာ ထုတ်ပြန်ပါတယ်။ ဒီထုတ်ပြန်မှုမှာတော့ အလုပ်အကိုင်မဲ့သူပမာဏ အလုပ်ဖန်တီးပေးမှုနှုန်းများ အပတ်စဉ်ပျှမ်းမျှ အလုပ်အကိုင်နှုန်းနဲ့ ဝင်ငွေရရှိနှုန်းပါပါတယ် ။ဒီလိုထုတ်ပြန်နှုန်းဟာဈေးကွက်ကို လှုပ်ရှားစေပါတယ် ။

🛎Durable Goods Orders
ဒါကတော့ ၃ နှစ်အထက် ငွေပေးချေရတဲ့ ဝယ်ယူသုံးစွဲမှုကို တိုင်းတာခြင်းဖြစ်ပါတယ် ။

🛎Retail Sales Index
Retail Sales Index ကတော့ တစ်တိုင်းပြည်လုံးမှာရှိတဲ့ ဈေးဆိုင်အသေးမှစကာ စူပါမားကတ်တွေအထိ လက်ငင်းရောင်းချရမှုကို တိုင်းတာပါတယ် ။

🛎Housing Data
Housing data ကတော့ တိုင်းပြည်အတွင်းမှာရှိတ ဲ့ဆောက်လုပ်ဆဲ အိမ်ရာများ အိမ်သစ်အရေအတွက်နဲ့ လက်ရှိအိမ်ရာဈေးကွက်များကိုတိုင်းတာပါတယ် ။အိမ်ရာ တည်ဆောက်ခြင်းက စီးပွားရေးကို အဓိကသက်ရောက်မှုရှိတဲ့အတွက် forex trader အများစုကစောင့်ကြည့်ကြပါတယ်။
ဆောက်လုပ်ပြီး အိမ်ရာဈေးကွက်နဲ့အိမ်ရာဈေးကျဆင်းခြင်းက တိုင်းပြည်ရဲ့စီးပွားရေးဆုတ်ယုတ်မှုကို ညွန်ပြလို့
ယခုတိုင်းတာခြင်းကအလွန်အရေးပါပါတယ် ။

🛎Interest Rates
အတိုးနှုန်းကတော့ forex ကို အဓိကမောင်းနှင်တာဖြစ်ပြီး အထက်မှာ ဖော်ပြထားတဲ့ တိုင်းတာမှုတွေနဲ့အတူ လွတ်လပ်စွာ ကုန်သွယ်ကြသူများ ကော်မတီကတစ်ဆင့် စီးပွားရေးအခြေအနေကိုအမြဲလေ့လာပါတယ်။ဈေးကွက်ရဲ့ အားကိုကြည့်ပြီး ချိန်ညှိထိန်းချုပ်ပေးပါတယ် ။အတိုးနှုန်းက forex ရဲ့ အရေးကြီးအစိတ်အပိုင်းဖြစ်လို့ အထက်ကတိုင်းတာမှုစနစ်တွေက အရေးပါပါသည်။