King Of Future

Forex Article Part(17)

အခြေခံခွဲခြားစိတ်ဖြာခြင်းဆိုတာ ဘာလဲ
〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️
အခြေခံခွဲခြား စိတ်ဖြာခြင်း
〰️〰️〰️〰️〰️〰️〰️〰️〰️
အခြေခံခွဲခြားစိတ်ဖြာခြင်းဆိုတာတော့ ပြောင်းလဲနေတဲ့ ကမ္ဘာ့စီးပွားရေးသတင်းတွေနဲ့ စျေးကွက်ကို လေ့လာခြင်း ဖြစ်ပါတယ်။

အဓိကအချက်အလက်ကတော့ စျေးကွက်မှာရှိတဲ့ ကုမ္ပဏီစီးပွားရေး ခိုင်မာမှုရှိရင်တော့ ငွေကြေးစနစ်ခိုင်မာတယ်လို့ သတ်မှတ်ရပါမယ်။စီးပွားရေးကောင်းမွန်မှုဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ပါတယ်။ဒါကြောင့် ကုမ္ပဏီရဲ့စီးပွားရေး အတက်အကျကိုမူတည်ပြီး စျေးအတက်အကျ သိရှိနိုင်ပါတယ်။

သာဓကအနေနဲ့ဆိုရင်တော့ ဩစတေးလျနိုင်ငံရဲ့ ကုမ္ပဏီတွေ စီးပွားရေးတောင့်တင်းတယ်ဆိုရင်တော့ ဩစတေးလျငွေကြေးက တိုးတက်လာမှာပါ။ဘာကြောင့်လဲဆိုရင်တော့ ငွေကြေးဖောင်းပွမှုစနစ်ကို ထိန်းချုပ်နိုင်ဖို့ရာ အတိုးနှုန်းကို မြှင့်တင်လိုက်ခြင်းပါ။အတိုးနှုန်းမြင့်တက်လာတဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ အမြတ်များများရနိုင်လို့ စိတ်ဝင်စားမှု များလာရတာပါ။

Forexရဲ့စျေးကွက်မှာ ဘဏ်များက အဓိက အနေနဲ့ ပါဝင်ပါတယ်။တကယ်တော့ စျေးကွက်အများစုဟာ ဘဏ်ကြီးများနဲ့အပြိုင် ကစားကြတာပါ။စီးပွားရေးဘဏ်များဖြစ်ကြတဲ့ Deutsche နဲ့ Barclay’s ဘဏ်များဟာ ကုန်သွယ်မှုအတွက် စျေးကွက်ကို အဓိကဖန်တီးသူများ ဖြစ်ကြပါတယ်။အချို့ကုန်သွယ်မှုများကတော့ ၎င်းတို့ရဲ့ ဖောက်သည်များအစား ကုန်သွယ်ပေးကြတာပါ။
ကျွန်တော်တို့ကတော့ ဒီအပြိုင် ကုန်သွယ်သူများအကြားမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းများကို လိုက်နာပြီး ပါဝင်အကျိုးအမြတ်ရယူကြသူများသာ ဖြစ်ပါတယ်။

429 thoughts on “Forex Article Part(17)”

  1. Pingback: sex games orgy

  2. Pingback: 1abysmal

Leave a Comment

Your email address will not be published.