Forex Trading Ways

Hello Trader တို့ရေ 🤗 Monday ဈေးကွက်စဖွင့်တဲ့နေ့
ဆိုတော့ Pro trader တွေ forex ဈေးကွက်မှာဘယ်လို trading လုပ်ကြလဲ ? ဆိုတာကို sharing လုပ်ပေးလိုက်ပါတယ်
🛡 Forex မှာအောင်မြင်နေတဲ့ ပညာရှင်တွေက ခက်ခဲတဲ့
့နည်းလမ်းများကိုအသုံးပြုတာမဟုတ်ပဲ
အခြေခံအချက်အလက်များကို စုဆောင်းပြီး trading ပြုလုပ်ကြပါတယ်။ လေ့လာသူများပိုမိုလွယ်ကူစေဖို့ လွယ်ကူစေဖို့
ရှင်းလင်းချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။
-Automated or robot trading (အလိုအလျောက် or
စက်ရုပ်အသုံးချပြီး trade ခြင်း)
Software အသုံးပြုပြီး ဈေးကွက်ရဲ့ စနစ်ကိုက်ညီတဲ့ပုံစံတွေကို computer မှတဆင့်တွက်ချက်ကာ ကိုယ်စားအလုပ်လုပ်ပေးခြင်းဖြစ်ပါသည် ။
-Discretionary Trading (ခန့်မှန်း trade ခြင်း )
Trading ပြုလုပ်သူတွေဟာ ဈေးကွက်ကို ခန့်မှန်းပြီး tradeရတာမျိုးပါ ။ pro trader အများစုက ဒီနည်းကိုအသုံးပြုတာများပါတယ်။
-Technical trading ( နည်းပညာနည်းစနစ်နဲ့ trade ခြင်း )
ဈေးကွက်အတက်အကျတွေကို ဇယားတွေကို အသုံးချတွက်ချက်တာဖြစ်ပါတယ် ။နည်းပညာနည်းစနစ် နဲ့အသုံးချသူများရဲ့ တူညီတဲ့ အချက်ကတော့ စားရင်းဇယားကို ကြည့်ပြီး အပြောင်းအလဲ ကိုလေ့လာနိုင်ခြင်းဖြစ်ပါသည်။
-Fundamental trading (အခြေခံ ကုန်သွယ်ခြင်း )
ဈေးကွက်ရဲ့ သတင်းတွေကိုအဆက်မပြတ်လေ့လာပြီး trading ပြုလုပ်ကြခြင်းပါ ။သတင်းအချက်အလက်က လျင်လျင်မြန်မြန်ပြောင်းလဲ နိုင်ပါသည် ။ဒါကြောင့် pro trader တွေကယခုစနစ်အပြင် technical trading စနစ်ကို ပေါင်းစပ်အသုံးပြုကြပါသည် ။
-Day Trading (တစ်နေ့တာ trading လုပ်ခြင်း)
ဈေးကွက်မှာ တစ်ရက်အတွက် buy order or sell order ကို အပိတ်အဖွင့်လုပ်သူများဖြစ်ပါသည် ။
ဆိုလိုချင်တာက တစ်ရက်အတွင်း အကြိမ်ပေါင်းများစွာ အရောင်းအဝယ် လုပ်ကြတာပါ ။
- Scalping
ဒီနည်းကတော့ day trading လုပ်နည်းနဲ့ဆင်ပါတယ် ။သူကပိုပြီး အကြိမ်ပေါင်းများရေ ပိုများပါတယ် ။pips အနည်းငယ်နဲ့ အမြတ်ရဖို့အတွက်ဈေးကွက်မှာ အကြိမ်ပေါင်းများစွာ ဝင်ထွက်ရောင်းဝယ်ရတာပါ။ကျွမ်းကျင်သူတွေက ဒီနည်းကို gambling ဆန်တာကြောင့် ကျွမ်းကျင်သူများက အားမပေးပါဘူး ။ - Swing trading / position trading
ဒီပုံစံကတော့ short ကိုယူပြီဈေးကွက်အတက်အကျကို အသုံးချတာဖြစ်ပါတယ် ။
ဒီလိုနည်းနဲ ံ trading လုပ်ကြသူတွေကတော့ ဈေးကွက်အရှိန်အဟုန် 2 ကနေ 10 လစဉ် ပျှမ်းမျှရှိမှသာအရောင်းအဝယ် ပြုလုပ်ကြပါသည် ။ - Range trading
ဒီစနစ်ကတော့ဈေးကွက်ရဲ့ support and resistance ကိုကြည့်ပြီး ဆောင်ရွက်တာဖြစ်ပါတယ်။
ထိုစနစ်ကိုစောင့်ကြည့်ပြီး trader တွေကတွက်ချက်အသုံးပြုကြပါတယ်။ - Trend trading
ဒီစနစ်ကတော့ ဈေးကွက်ရဲ
ဒီဈေးကွက်ရဲ့ကြီးမားတဲ့အပြောင်းအလဲကို စောင့်ကြည့်ကာ အမြတ်ရဖို့ ကြိုးစားနိုင်ပါသည်။ဒါကို ဆန့်ကျင်ပြီး trading လုပ်သူများကြ ဆုံးရှုံးနိုင်ပါသည်။ forex မှာ professional ကျကျ trade နေသူများဟာ ကြီးမားတဲ့ အပြောင်းအလဲကို အသုံးချကာ trading လုပ်နေကြသူများဖြစ်ပါတယ်။ - Counter -trend trading
ဈေးကွက်မှာကြီးမားစွာ ပြောင်းလဲမှုဟာ တည်မြဲမှုမရှိပါဘူး ။သင်ဟာပါးနပ်တဲ့ trader ဆိုရင်တော့ ဒီနည်းကိုကောင်းစွာ အသုံးပြုနိုင်ပါသည်။
ဒါပေမဲ့ ဒီနည်းလမ်းက အန္တရယ်များတဲ့ အတွက် တိကျတဲ့ သတင်းအချက်အလက်ရှိမှသာ စွန့်စားသင့်ပါတယ်။ - Carry trading
Carry trading ဟာအတိုးနှုန်းမြင့်တဲ့ငွေကြေးကိုဆန့်ကျင်ပြီး ကာလရှည်တခုအထိစောင့်ပြီး အမြတ်ရှာတာဖြစ်ပါတယ်။forex ရဲ့ကြားခံရောင်းဝယ်သူများကတော့အတိုးနှုန်းအပြောင်းအလဲပေးဆောင်ခြင်း (သို့မဟုတ်)လဲလှယ်ခြင်းကိုလုပ်ဆောင်ရတော့မှာပါ။
ဒါကြောင့် stop loss ကို ထားရပါမယ် ။
ဆက်လက်ပြီးမျှဝေပါအုန်းမည် 🤗😇