King Of Future

Gilead ရဲ့ Covid-19 ဗိုင်းရပ်စ်တိုက်ဖျက်ရေးဆေးဝါး Remdeisivir ဟာ FDA ရဲ့ တရားဝင်ခွင့်ပြုချက် ရရှိ

Covid-19ကူးစက်ခံထားရသော လူနာများအား ကုသရန် ဆေးဝါး Veklury (သို) remdesivir ကို Federal Food & Drug အုပ်ချုပ်ရေးအဖွဲမှ အတည်ပြုပြီးနောက် Gilead Sciences (NASDAQ: GILD) သည် ကုန်သွယ်မှု ကဏ္ဍ တွင် 4% ကျော် မြင့်တက်လာခဲ့သည်။

Covid-19 ရောဂါပိုးကို ကာကွယ်ကုသရန် အရေးပေါ်အသုံးပြုမှုအတွက် ကုမ္ပဏီရဲ့ ဗိုင်းရပ်စ်နှိမ်နှင်းရေးဆေးဝါးကို ယခင်ကလည်း FDA က ခွင့်ပြုခဲ့ဖူးပါတယ်။Remdesivir ဟာ အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံးအတည်ပြုပြီးသော Covid-19 ကုသမှု ဖြစ်လာခဲ့ပါတယ်။အဆိုပါဗိုင်းရပ်စ်နှိမ်နင်းရေးဆေးဝါးဟာ တစ်နိုင်ငံလုံးရှိ ဆေးရုံများတွင် ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနေပြီဖြစ်ပြီး အစောပိုင်းကာလ ရင်းနှီးမြှုပ်နှံမှုများအပြီးတွင် ကုန်ထုတ်လုပ်မှုစွမ်းအားကို တိုးမြင့်နိုင်ရန် လျင်မြန်စွာ ချဲ့ထွင်နိုင်ခဲ့ပါတယ်။

အဆိုပါအတည်ပြုချက်ဟာ မကြာသေးမီက အဆင့်(3) ACTT-1 စမ်းသပ်မှုအပါအဝင် စမ်းသပ်မှုများအပေါ် အခြေခံထားခြင်းဖြစ်ပြီး Remdesivir ဖြင့် ကုသမှုဟာ Covid-19 ကြောင့် ဆေးရုံတက်နေရသော လူနာများနှင့် ပတ်သက်၍ နှိင်းယှဉ်မှုများစွာတွင် လက်တွေ့ ထိရောက်သော တိုးတက်မှုများရှိကြောင်း ပြသနိုင်ခဲ့ပါတယ်။

#Reuters သတင်းဌာနမှ ကောက်နှုတ်တင်ပြထားပါသည်။

7 thoughts on “Gilead ရဲ့ Covid-19 ဗိုင်းရပ်စ်တိုက်ဖျက်ရေးဆေးဝါး Remdeisivir ဟာ FDA ရဲ့ တရားဝင်ခွင့်ပြုချက် ရရှိ”

Leave a Comment

Your email address will not be published.