King Of Future

ယခုတစ်ပတ်အတွင်း ဈေးကွက်ကို ရိုက်ခတ်မည့် အရေးကြီး သတင်းများ

ယခုတစ်ပတ်အတွင်း ဈေးကွက်ကို ရိုက်ခတ်မည့် အရေးကြီး သတင်းများ ❗

1️⃣ Fed Minutes

◾Fed ဟာ ၎င်းတို့ရဲ့ Novemberလ အစည်းအဝေးမှတ်တမ်းများကို ဗုဒ္ဓဟူးနေ့ မှာ ထုတ်ပြန်မှာဖြစ်ကြောင်း သိရှိရပါတယ်။စီးပွားရေးပြန်လည် ဦးမော့လာမှု အရှိန်မြင့်လာပြီး အလုပ်အကိုင်များ တိုးတက်လာကာ ငွေကြေးဖောင်းပွမှုများ မြင့်တက်လာသဖြင့် Fed ၏ ဒုတိယ ဥက္ကဌ Richard Clarida က နှုန်းထားများ အမြန်ဆုံး မြင့်တက်ဖို့ ဆွေးနွေးမှုများ ပြုလုပ်ရန် လွန်ခဲ့သော ရက်သတ္တပတ်က တောင်းဆိုခဲ့ပါသေးတယ်။

◾မူဝါဒချိုးငှက် လို့ လူသိများတဲ့ Chicago Fed ဥက္ကဌ Charles Evans က လွန်ခဲ့သော ခြောက်လကထက် လာမည့်နှစ် အတိုးနှုန်းကို မြင့်တင်ရန် ရှိကြောင်း ပြီးခဲ့တဲ့ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။

◾Fed ဟာ ဒီဇင်ဘာလလယ်မှာ ပြုလုပ်မဲ့ ၎င်းရဲ့အစည်းအဝေးပြီးနောက် သုံးလတစ်ကြိမ် ခန့်မှန်းချက်အသစ်များကို ထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရပါတယ်။

2️⃣ Biden’s Fed Pick

◾အမေရိကန်သမ္မတ Joe Biden ဟာ ကျေးဇူးတော်နေ့မတိုင်မီ လက်ရှိ Fed ဥက္ကဌ Powell ကို နောက်ထပ် သက်တမ်း ဆက်ထားရန် သို့မဟုတ် လက်ရှိ Fed အုပ်ချုပ်ရေးမှူး Label Brainard ကို ရာထူးတိုးမြှင့်ရန် ဆုံးဖြတ်နိုင်ဖွယ်ရှိကြောင်း အိမ်ဖြူတော်က ပြီးခဲ့တဲ့ သီတင်းပတ်က ပြောကြားခဲ့ပါတယ်။

◾အထူးသဖြင့် Brainard ကိုရွေးချယ်ပါက စတော့ရှယ်ယာဈေးကွက် မတည်ငြိမ်မှုဖြစ်နိုင်ကြောင်း လေ့လာသူအချို့က သုံးသပ်ကြပါတယ်။လာမည့် February မှာ သက်တမ်းကုန်ဆုံးတော့မဲ့ Powell ကို ယခင် သမ္မတ Donald Trump က 2018 မှာ ခန့်အပ်ခဲ့ပါတယ်။2014 ခုနှစ်ကတည်းက Fed ဘုတ်အဖွဲ့မှာရှိခဲ့တဲ့ Brainard ကို ဒီမိုကရက်တစ်များက ထောက်ခံကြကြောင်း သိရှိရပါတယ်။

3️⃣ U.S Data dump

◾ဗုဒ္ဓဟူးနေ့မှာ အမေရိကန်ဟာ စီးပွားရေးဆိုင်ရာ အချက်အလက်များစွာကို ထုတ်ပြန်မှာဖြစ်ပြီး Fed ရဲ့ အနှစ်သက်ဆုံး ငွေကြေးဖောင်းပွမှုတိုင်းတာမှုဟု ကောလဟာလထွက်နေသော PCE ဈေးနှုန်းညွှန်းကိန်း အပါအဝင် တတိယသုံးလပတ် GDP၊Initaial Jobless Claims,Durable Goods Orders,New Home Sales အစရှိတဲ့ Data များ ထွက်ရှိမှာဖြစ်ပါတယ်။

Free Telegram Channel
https://t.me/kofforex

Free Channel for Education
https://t.me/MyanmarForexEducationChannel

စီးပွားရေးဆိုင်ရာအကြံပြုချက်များ ရယူလိုပါက…

အောက်ပါရုံးဖုန်းနံပါတ်သို့ ဆက်သွယ်ပြီး တိုင်ပင်ဆွေးနွေးနိုင်ပါတယ်…

☎️ Phone No. : 09777456758

Leave a Comment

Your email address will not be published.